" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ် လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြောသည်။

(ဓာတ်ပုံ - အေအက်ဖ်ပီ)

“၃ နှစ်ချတာတဲ့ ၊ အဲဒါကို ပြည်ထဲရေး အမိန့်နဲ့ ၁ နှစ် ခွဲ ကိုလျှော့ပေါ့ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ သတ်မှတ်လိုက်တယ်လို့ ပြောတယ်၊ မြန်မာ့ရုပ်သံကလည်း ကြေညာသွားတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်၍ လည်းကောင်း၊ အာဃာတ မထား၍ လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။

ယင်း ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချရာ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း ရဲ တပ်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ ချထားကြောင်း တွေ့မြင်ရသူ တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

Read More...

Sunday, August 9, 2009

၂၁နှစ်မြောက်(၈)လေးလုံးအရေးတော်ပုံအခမ်းအနား

၂၁နှစ်မြောက်(၈)လေးလုံးအရေးတော်ပုံအခမ်းအနားမဲ့ဆောက်မြို့ ထုံထောင်း ကပ်ပိဘန်း လမ်းနံဘေးရှိ saw စာသင်ကျောင်းတွင်ကျင်းပပြုလုပ်

သြဂုတ် ၈ ၂၀၀၉

မဲ့ဆောက်မြို့ ထုံထောင်း ကပ်ပိဘန်း လမ်းနံဘေးရှိ saw စာသင်ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနား သို့ လူပေါင်း ၃၀၀နီးပါးခန့် တက်ရောက်ခဲ့ကြပြီး ပြည်ပရောက် မဲ့ဆောက်မြို့  အခြေစိုက်သည့် အဖွဲ့အစည်းများ၊သတင်းဠာနုများနှင့်
ကျောင်းသား။ကျောင်းသူ များစွာတက်ရောက်လာတာတွေ့ရပြီး မျိုးဆက်သစ် ကျောင်းသား။ကျောင်းသူ အများအပြား တက်ရောက်လာတာကို တွေ့ရသည်။
အခမ်းအနား အစီအစဉ်များအတိုင်း အခမ်းနား မှ့ ပထမဦးစွာ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဉ်အလိုက် ခေါင်းစဉ်များကို ကြေငြာဖတ်ကြား
ပြီးနောက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့် (၈)လေးလုံး အရေးတော်ပုံအတွင်းကျဆုံး သောရဲဘောာ်များအားဂုဏ်ပြုသည့်အနေဖြင့် အ
လေးပြုပြီး (၈)လေးလုံး အထိမ်းအမှတ် (၈)မိနစ် ငြိမ်သက်ခဲ့ကြာသည်။
ထို့နောက် အစီအစဉ် အတိုင်း ပထမဦးစွာ ဦးခွန်းမတ်ရ်ကိုဘန်(NCUB)ဦးမြင့်သိန်း(LLC) ဦးမြင့်စိုး(NLD-LA) ဥိးမင်းနိုင်(ဗကသ) မနိုးနိုးထက်စံ(BWU) ကိုသံခဲ
(မကဒက)ဦးငွေလင်း(FDB)တို့မှ့(၈)လေးလုံး အရေးတော်ပုံ စတင်ဖြစ်ပေါ်လာပုံနှင့် လူထုက ထိုအချိန်တွင် အလိုအလျှောက် စိတ်ဓါတ်တက်ကြွ စွာပါဝင်လာ
ပုံ ကြီးမားသည့် သမိုင်းမှတ်တမ်း တစ်ခု(၀ါ)သွေးစွန်းသည့် နေ့တစ်နေ့ အဖြစ် ယနေ့ထပ်ထိ မမေ့နုင်အောင် ရက်ရက်စက်စက် လက်နက်ဆို၍ အပ်တိုတစ်
်ချောင်းတောင်မပါသည့် ကျောင်းသားနှင့်ပြည်သူ လူထုများကို ကျည်ဆံ အားကိုးဖြင့်ဗိုလ်နေ၀င်းက နိုမ်နင်းသည့်တိုင်အောင် ဒေါင်းအလံ မြေကျဘဲလူသာ
အလဲခံခဲ့သည့် ထိုအချိန်က အခြေအနေများကို အသီးသီးပြောကြားသွားကြ ပြိး ယခုဆို လျှင်(၂၁)နှစ်ပြည့်မြောက် ခဲ့ပြီ(၈)လေးလုံး အရိပ်ဆိုး ကြီးအား ပျိုမြစ်
နုနယ်သည့် မျိုးဆက်သစ် များနှင့်ပူးပေါင်းကာ ညီညီညွတ်ညွတ် ဆက်လက်တိုက်ပွဲ ၀င်သွားရန်ကို အဓိကထား ပြီး ပြောသွားကြတာကို တွေ့ရသည်။
ထိုနောက် အခမ်းအနား နောက်ဆုံးအစီအစဉ် ဖြစ်သည့် အကျွေးအမွေး အစီအစဉ် ကိုစတင်
မှာဖြစ်ကြောင်းကြေငြာ ပြီးနောက် ဧည့်ခံကျွေးမွေး ပြီးအခမ်းအနား ကို ရုပ်သိမ်းလိုက်ပါသည်။
နောင်နောင်




Read More...

Wednesday, May 6, 2009

ဆန္ဒပြမှုနောက်ဆက်တွဲသတင်း။

ယနေ့နံနက် ၈း၃၀ တွင် Panthong Manufacturing Co,Ltd စက်ရုံမှ အလုပ်သမား(၂၀၀) ခန့် ၄င်းတို့လုပ်အားခ နှစ်လစာ လစာငွေ မရရှိသောကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး ရှေ့တွင် သွားရောက်ဆန္ဒပြရာ နေ့လည် ၂း၃၀ နာရီတွင် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်ရရှိသဖြင့် ဆန္ဒပြပွဲပြီးဆုံးသွားသည်။

မက်ဖေါင်ဒေးရှင်း နှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အကူအညီဖြင့် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးမှတာဝန်ရှိသူများ စက်ရုံ ပိုင်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် (၉) ဦး တို့နံနက် ၁၁း၃၀ တွင်စတင် ဆွေးနွေးညှိနှိုင်းသည်။

စက်ရုံပိုင်ရှင်ကိုယ်စားလှယ်မှ အလုပ်သမားတို့၏လစာကို ၂၀.၄.၂၀၀၉ နေ့တွင် နောက်ဆုံးထား ပေးရန် ယခုအချိန်မှစပြီး အလုပ်သမားများအား တနေ့ထမင်းနှင့်ဟင်း (၃) ကြိမ် ကျွေးမွေးရန် သောက်သုံးရေ အလုံအလောက် ပေးရန်နှင့် စက်ရုံအတွင်း ဆက်လတ် နေထိုင်ခွင့်ပြုရန်တို့ကို ကတိပြုခဲ့သည်။

နေ့လည် ၂း၃၀ နာရီ၌ သဘောတူစာချုပ်တွင် အလုပ်သမား အခွင့်အရေးရုံး တာဝန်ရှိသူအရာရှိ ဖုန်ဆွန်ဖုံ အလုပ်ရှင် ကိုယ်စားလှယ် ထန်နဖွန် ဆိုထနာဒေချာဖွန် (ပိုင်ရှင်ဇနီး) အလုပ်သမား ကိုယ်စားလှယ် (၉) ဦး နှင့် အလုပ်သမားများ၏ရှေ့နေ ဖိနူန် တို့ပါဝင်လက်မှတ်ရေးထိုးကြသည်။

ဆန္ဒပြပွဲပြီးဆုံးသွားသဖြင့်အလုပ်သမားများစက်ရုံသို့ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါသည်။

Read More...

Tuesday, May 5, 2009

ထိုင်းနိုင်ငံ မဲဆောက်ရှိ စက်ရုံအလုပ်သမား (၂၀၀)ကျော် ဆန္ဒပြီ

ထိုင်းနိုင်ငံ မဲဆောက်ရှိ စက်ရုံအလုပ်သမား (၂၀၀)ကျော် နှစ်လစာလခမရသဖြင့် မဲဆောက်မြို့ ဆ၀ါဒီကန်ရုံး(အလုပ်သမားအခွင့်ရေးကာကွယ်ရေးရုံး)ရှေ့၌ ဆန္ဒပြ
ရောင်ခြည်ဥိးအလုပ်သမားများအဖွဲ့ရောင်ခြည်ဥိးအလုပ်သမားများအဖွဲ့


၆.၅.၂၀၀၉

မဲဆောက်မြို့ မယ်တောင်လမ်းရှိ ထိုင်ဝမ်လူမျိုးပိုင် Ponthag Manfacturing Co, Ltd (TK)လေးသိုးမွှေးစက်ရုံမှ အလုပ်သမား (၃၀၀) ကျော်ကို ၁၀.၃.၂၀၀၉ ရက်နေ့မှစပြီး ယနေ့အထိ နှစ်လစာ လုပ်ခလစာများအား အလုပ်ရှင်မှ မထုတ်ပေးကြောင်းသိရသည်။ ၄င်းအပြင် သင်္ကြန်ကာလအတွင်း သောက်ရေ သုံးရေမရရှိခြင်း၊ အလုပ်ရှင်မှ အလုပ်သမား များ၏ အခက် အခဲများအား မဖြေရှင်းပေးခြင်းတို့ကြောင့် ၂၁.၄.၂၀၀၉ရက်နေ့တွင် ဆ၀ါဒီကန် (အလုပ်သမား အခွင့်ရေးကာကွယ်ရေး ရုံး) သို့ အောက်ပါ အချက်(၃)ချက်အားတောင်းဆိုခဲ့သည် ။

၁၊ ထိုင်းနိုင်ငံရှိ သက်မှတ်ထားသော အလုပ်သမားကာကွယ်ရေး ဥပဒေ အတိုင်း အပြည့်အ၀ခံစားခွင့် ပေးရန်
၂၊ အလုပ်သမားများအား ကျမ်းမာရေးအကျိုး ခံစားပိုင်ခွင့်ရရန်
၃၊ အလုပ်သမားများအား သောက်သုံးရေ လုံလောက်စွာပေးဆောင်ပေးရန် တို့ဖြစ်ပါသည်။

၎င်းတောင်းဆိုချက်များအား ၅ ရက်မျှစောင့်ဆိုင်းခဲ့သည့်တိုင် ဆ၀ါဒီကန်(အလုပ်သမား အခွင့်ရေးကာကွယ်ရေးရုံး)နှင့် လုပ်ငန်းရှင်တို့မှ လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း၊ ဆဝါဒီကန်(အလုပ်သမားအခွင့်ရေးကာကွယ်ရေးရုံး) အရာရှိဖြစ်သူ ဖိဆုန်ဖုန်းမှ အလုပ်သမား များအား လုပ်ငန်းခွင်မဝင်ပါက ပုလိပ်ဖြင့်အဖမ်းခံရမည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း သိရသည်။
ရောင်ခြည်ဥိးအလုပ်သမားများအဖွဲ့
ထို့နောက် ၂၇.၄.၂၀၀၉ ရက်နေ့တွင် ထပ်မံ၍လာရောက်ဖြေရှင်းပေးရန် စာရေးအကြောင်းကြား သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားကာကွယ်ရေးရုံးတို့မှ တစုံတရာဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် အလုပ်သမားများမှ ၂၈.၄.၂၀၀၉ ရက်နေ့တွင် အလုပ်မှ ရပ်ဆိုင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆန္ဒပြတောင်းဆိုသော်လည်း လုပ်ငန်းရှင်နှင့် ဆ၀ါဒီကန်(အလုပ်သမားအခွင့်ရေး ကာကွယ်ရေး ရုံး) အရာရှိတို့မှ အလေးထား ဆောင်ရွက်မှုမရှိသဖြင့် ၆.၅.၂၀၀၉ ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ဆ၀ါဒီကန် (အလုပ်သမားအခွင့်ရေးကာကွယ်ရေးရုံး)သို့ အလုပ်သမား ဦးရေ ၂၀၀ကျော်မှ ချီတက် ဆန္ဒပြလျက်ရှိ ကြောင်းသိရသည်။

ယခု ၁၁း၃၀ နာရီ တွင် အလုပ်သမားရုံးအရာရှိ မှ စက်ရုံပိုင်ရှင်အား ရုံးသို့ ဖုံးဆက်ခေါ်ပြီး အလုပ်သမား ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးနေပြီး မက်ဖေါင်ဒေးရှင်းနှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

ထိုစက်ရုံမှာ ၁၉၉၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၄င်းစက်ရုံရှိ အလုပ်သမား အများစုမှာ လုပ်သက် ၅ နှစ်မှ ၁၀ ကြားရှိ အလုပ်သမား အများစုဖြစ်ကြောင်း၊ ၄င်းစက်ရုံပိုင်ရှင်မှ ယခင် ကာလများတွင်လည်း လစာထုတ်ရက် နောက်ကျခြင်း အလုပ်သမားများအား အလုပ်ပုံမှန် မပေးနိုင်ခြင်း သောက်ရေသုံးရေ ဖြတ်တောက်ခြင်းများကို အစဉ်အမြဲရှိခဲ့ကြောင်းသိရသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By