" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Thursday, April 9, 2009

ပြည်တွင်းမှ ရှေ့နေတဦး ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာ

မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ် ရှားဆောင်ရွက်နေကြသည့် ဖမ်းဆီးခံနိုင်ငံ ရေး လှုပ်ရှားသူများအား ရှေ့နေအဖြစ် အခ မဲ့ လိုက်ပါကူညီဆောင်ရွက်ပေးနေသော အကျိုးဆောင်ရှေ့နေ စောကျော်ကျော်မင်း အား စစ်အစိုးရက မတရားဖမ်းဆီးချုပ်နှောင် ရန်ကြိုးစားသောကြောင့် ထိုင်းမြန်မာ နယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲသည့် ကိစ္စ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထိုင်း မြန်မာ နယ်စပ်တနေရာတွင် ပြုလုပ်ခဲ့ပါ သည်။

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် လှိုင်သာ ယာ တရားရုံးက တရားစီရင်ရေးကို နှောင့် နှေးအောင်ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် စောကျော်ကျော်မင်းအား ပြစ်မှုဆိုင်ရာအက် ဥပဒေပုဒ်မ ၂၂၈ ဖြင့် မျက်ကွယ်ထောင်ဒဏ် ၆ လချမှတ်ခဲ့သည်ဟု သတင်းထောက်များ ကို စောကျော်ကျော်မင်းက ပြောကြားပါ သည်။ ထိုစွဲချက်အား တရားရင်ဆိုင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်သို့ တရားရုံးမှ ပြန်လည်ချိန်းဆိုခဲ့ရာတွင် ၄င်းနေ့မရောက်ခင် အောက်တိုဘာလ ၂၉ ရက်တွင် ဖမ်းဆီးချုပ် နှောင်ရန်ကြိုးစားသောကြောင့် ထိုင်းမြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း ၄င်းကပြောပါသည်။ဆက်လက်ပြီး မြန်မာနိုင်ငံတရားစီရင်ရေး မဏ္ဍိုင်သည် တရားမျှတမှုမရှိဘဲ လုံးဝ ပျက် စီးယိုယွင်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့အတွက်ကြောင့် တရားမျှတသော တရားစီရေးအာဏာ မြန်မာနိုင်ငံတွင် ပေါ် ပေါက်လာသည်အထိ ဆက်လက်ကြိုးစား လုပ်ကိုင်သွားမည်ဟု ရှေ့နေ စောကျော် ကျော်မင်းမှပြောကြားခဲ့ပြီး သတင်းစာ ရှင်း လင်းပွဲကို ရုပ်သိမ်းခဲ့ပါသည်။

စောကျော်ကျော်မင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် တဦး ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားနေသူများ၏ အမှု များကို လိုက်ပါဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါသည် (ဗညား)<

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By