" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Wednesday, August 12, 2009

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်ဌာနခွဲ) မှ ဦးဆောင်၍ (၆) ကြိမ်မြောက်သွေးလှူဒါန်း

ယနေ့တွင် ကျရောက်သော ထိုင်းဘုရင်မိဖုရာကြီးမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေ့ပြောင်မြန်မာ အလုပ် သမားများက လုံမနီဥယျာဉ်အနီးရှိ၊ ထိုင်းဗဟို အမျိုးသား သွေး လှူဘဏ်တွင် သွားရောက်သွေးလှူဒါန်းကြသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ (ဘန်ကောက်ဌာနခွဲ) မှ ဦးဆောင်ကျင်းပသော အဆိုပါသွေးလှူပွဲတွင် အလုပ်သမား ၁၀၀ ခန့် သွားရောက် သွေးလှူ ဒါန်းကြ သောလည်း ယခင်သွေးလှူဒါန်းဖူးသူ အလုပ်သမား ၃၀ ခန့်သာ သွေးလှူဒါန်းခွင့် ရကြ သည်။

ရောင်ခြည်ဦး(ဘန်ကောက်ဌာနခွဲ)မှ ကိုအောင်မြင့်သိန်းက " ဆေးရုံးက ဆရာမ ကြီးက မြန်မာအလုပ်သမား တွေမှာ ကူးစက်ရောဂါရှိနိုင်တယ်၊ သွေးလှူဒါန်းလို့ ရောဂါပိုးတွေ့ရှိရင် သွေးသွင်းခံရမယ့် သူတွေအတွက် ဘာမှအကျိုးမရှိပါဘူး ဆိုပြီးတော့ လက်မခံတာပါ" ဟုဆိုသည်။
သွေးလာရောက်လှူဒါန်းသည့် ယခင်အကြိမ်များက အလုပ်သမားများထဲတွင် ကူးစက်ေ၇ာဂါပိုးတွေ့ရှိ ရခြင် ကြောင့် ထိုသိုပြောဆိုခြင်ဖြစ်ကြောင့် ဆေးရုံ ရှိ တာဝန်ကျ ဆရာမတစ်ဦးကပြောဆိုခဲ့သည်။
ယခင်က သွေးလှူဒါန်းဖူးသည့် မနှင်းဆီအား ဆယ်သွယ်မေးမြန်းရာ " ကျွန်မမှာ အသည်း ရောင်အသည်း ဝါရောဂါပိုးတွေ့ရှိတာကို ဆေးရုံးက အကြောင်းကြား စာရောက်လာတော့ အရမ်းကိုကြောက်ခဲ့မိတယ်၊ ကျွန်မက မြန်မာပြည်မှာလည်း ၆ ကြိမ်လောက်သွေးလှူဒါန်းဖူးပေမယ့် ရောဂါပိုးရှိကြောင်းမသိခဲ့ဘူး၊ ကျွန်မ သွေး အသွင်းခံ လိုက်ရတဲ့ မြန်မာပြည်က လူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်" ဟု ထုတ် ဖော်ပြော ဆိုခဲ့သည်။
သွေးလှူဒါန်းခွင့်ရသူ ကိုပြည်စိုးက " သွေးလှူဒါန်းခွင့်မရတဲ့ လူတွေနဲ့ အတူ စိတ်မကောင်း ဖြစ်ကြတယ်၊ အမှန်တော့ အားလုံးကို လှူဒါန်းခွင့်ပေးသင့်တယ်၊ ရောဂါပိုး ရှိခဲ့မယ့်ဆိုရင်လည် လှူဒါန်းတဲ့လူတွေအတွက် ကြိုတင်ကာကွယ်ကုသလို ရတာပေါ့" ဟုဆိုသည်။
ယခုအကြိမ်လှူဒါန်းခြင်သည် ထိုင်းဘုရင်မိဖုရာကြီးမွေးနေ့ကို ဂုဏ်ပြုခြင်နှင့် စစ်အစိုးရ၏ မတရားဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များအတွက် ရည်စူးကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်လာ ရောက်လှူဒါန်းခြင်းသည် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့(ဘန်ကောက်ဌာနခွဲ) အနေ့ဖြင့် (၆) ကြိမ် မြောက်လာ ရောက်လှူဒါန်းခြင်ဖြစ်သည်။
အယ်ကဟော်

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By