သြစတြေးလျနိုင်ငံ မဲဘုန်းမြို့ ရေဒီယိုသြစတြေးလျ ABC အသံလွှင့်ဌာနက မြန်မာဘာသာဖြင့် အသံလွှင့်အစီအစဉ် ကို စတင်ထုတ်လွှင့်လိုက်ပြီ ဟု ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။
ABC အသံလွှင့်ဌာန အမှုဆောင်ချုပ် ဖြစ်သူ မစ္စတာ Hanh Tran က ယခုလိုပြောသည်။
̏ မြန်မာဘာသာနှင့် စတင်အသံလွှင့်ဖို့ ဆုံးဖြတ်ရတာကလဲ မြန်မာနိုင်ငအပေါ် နိုင်ငံတကာက ပိုမိုစိတ်ဝင်စားလာခြင်းကြောင့် လဲ ဖြစ်သလို ၂၀၁၀ခုနှစ် ရွေးကောက်ပွဲနှင့်ဆိုင်သော ဗဟုသုတတွေ ရလာစေဖို့ ကိုရည်ရွယ် ထုတ်လွှင့်သီားတာဖြစ်တယ်”
အသံလွှင့်ချိန်များကတော့ မနက်(၅)နာရီခွဲ လှိုင်းတို မီတာ ၂၅ ကီလိုဟဒ် ၁၁၈၄၀နှင့် ၄၉ ကီလိုဟဒ် ၅၉၉၅၊ မနက်(၇)နာရီခွဲ လှိုင်းတို မီတာ ၁၆ ကီလိုဟဒ် ၁၇၆၆၅၊ ၃၁ ကီလိုဟဒ် ၉၇၃၀ နှင့် ည(၁၀)နာရီ လှိုင်းတို မီတာ ၂၅ ကီလိုဟဒ် ၂၂၉၈၀ တို့ဖြစ်ကြသည်။
ယခင်က အင်္ဂလိပ် ၊တရုတ် ၊အင်ဒိုနီးရှား ၊ခမာ ၊ ဗီယမ်နမ် ၊ ပြင်သစ် ၊ Papua New Guinea တို့ဖြစ်ကြပြီး ၊ ယခုအခါ မြန်မာ ဘာသာ ထပ်တိုး၍ ထုတ်လွှင့်သွားမည်ဟု မစ္စတာ Hanh Tran ကဆက်လက်ပြောသွားသည်။
0 comments:
Post a Comment