" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Tuesday, February 9, 2010

လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

ဆန္ဒပြနေတဲ့နေရာကတော့ Main Industrial နဲ့ဝန်းကျင်မှာ ဖြစ် yes( အထည်ချုပ်။ သကြားလုံး။ အခြားလူသုံးကုန်များ ) ။ အိုဘယ် ( အထည်ချုပ်။ စက်ကရိယာ ပစ္စည်း။ အခြားလူသုံးကုန် ) ။ သုံးထပ် စတဲ့စက်ရုံကအလုပ်သမားတွေ ဆန္ဒပြနေတာဖြစ် ။ ဆန္ဒပြဦးရေ ၂၀၀၀ ၀န်းကျင်တွင်ရှိသည်။
တောင်းဆိုချက်များ
၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင်သည့်နေရာများသန့်ရှင်းရေး
- ညှိနှိုင်းချက်များအဆင်ပြေနေသည်ဟုသိရ ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ။
လုံခြုံရေးအခြေအနေ
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး
လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ နေ၍ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By