ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)အဖွဲ့က ဦးဆောင်၍ သံဃာတော်များကို နေ့ဆွမ်းကပ်လှူပြီး မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ဧည့်သည် (၅၀) ခန့်တက်ရောက်ခဲ့ကြသည်။
ပဒိုမန်းရှာကျဆုံးခြင်း (၂) နှစ်ပြည့် (ဓါတ်ပုံ-ရိုးမ ၃)

ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းကို ၂၀၀၈ ခုနှစ် ဖော်ဝါရီလ ၁၄ ရက်နေ့ ညနေတွင် အမည်မသိ သေနတ်သမားနှစ်ဦးက ၎င်းနေထိုင်ရာနေအိမ်တွင် လာရောက်ပစ်ခတ်သဖြင့် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။
ပဒိုမန်းရှာသည် ၁၉၆၂ ခုနှစ် ဇူလိုင်(၇)ရက် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာတန်းကို သမိုင်းဘာသာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။
၁၉၆၃ ခုနှစ်မှ ၁၉၆၆ ခုနှစ်ထိ ကရင့်အမျိုးသားအစည်းအရုံး (KNU) မြေအောက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှ စတင်ကာ(KNU)သို့ ဝင်ရောက်ပြီး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့၍ ကျဆုံးချိန်တွင် အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်သည်။
ပဒိုမန်းရှာကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာတွင် အဖမန်းဘသော်နှင့် အမိ ဂါ့နန်းတင်တို့က ၁၉၄၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် မွေးဖွားခဲ့သည်။
ယနေ့ကျရောက်သည့် ပဒိုမန်းရှာ ကျဆုံးခြင်းအထိမ်းအမှတ်အခမ်းအနားကို မြန်မာဒီမိုကရေစီရေးတိုက်ပွဲဝင် အဖွဲ့အစည်းများ၊ နယ်စပ်ဒေသရှိ မြန်မာစာသင်ကျောင်းများတွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရိုးမ ၃ မှကူးယူပါသည်။(ါ။

0 comments:
Post a Comment