" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Monday, November 8, 2010

မြ၀တီ တိုက်ပွဲ အတွင်း ၃ ယောက်သေ၊ ထောင်ချီသော အရပ်သားများ ထွက်ပြေး

မြ၀တီမြို့တွင် မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ ၅ တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက်တွင် အရပ်သား ၃ ဦးသေဆုံး၍ လူ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း မြ၀တီ ဆေးရုံ အသိုင်းအ၀ိုင်းက ပြောသည်။ နောက်ဆုံးသတင်းများအရ ဒီကေဘီအေ တပ်ဖွဲ့က မြန်မာစစ်သား ၈ ယောက်ကို ဖမ်းဆီးထားသည်။

ထိုင်းနိုင်ငံ ဖက်ကမ်းရှိ (အုတ်ဖို) ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသို့ လူပေါင်း ၃၀၀၀ ကျော် ထွက်ပြေးခိုလှုံလာကြသည်။ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့လည်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်။

DKBA စစ်သားတစ်ဦး

မြန်မာပြည်ဖက်ကမ်းတွင် ဒီကေဘီအေ တပ်ဖွဲ့အချို့မြ၀တီ တံတားအောက်တွင် ပိတ်မိနေခဲ့ပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေ တပ်ဖွဲ့က ပြောသည်။

“ကျွန်မတို့ အရမ်းကြောက်တယ်။ ကျွန်မတို့ ဘယ်မှလည်းပြေးလို့ မရဘူး။ လက်နက်ကြီးတွေ ကျွန်မတို့ အိမ်နား ကျနေတယ်။ အပြင်တောင် မထွက်ရဲဘူး” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

မြ၀တီ မြို့ခံများက မဲဆောက်သို့ ထွက်ပြေးလိုကြသော်လဲ မဲဆောက်သွားရာ လမ်းတလျောက် အစိုးရတပ်များ၊ ဒီကေဘီအော တပ်များ ရှိနေသောကြောင့် အချို့လမ်းများ ပိတ်နေသည်။

“ထိုင်းဖက်ကို ကျွန်မတို့ သွားချင်တယ်။ သူတို့ လမ်းတွေ အကုန်ပိတ်ထားတယ်။ ကျွန်မတို့ သွားလို့ မရဘူး။ ကြောက်လွန်းလို့ တုန်တောင် တုန်နေတယ်။ တချို့ ရွာသားတွေ ထိကုန်တယ်လို့လည်း ကြားတယ်” ဟု မြ၀တီ ရပ်ကွက် ၃ က အမျိုးသမီး တစ်ဦးက ပြောသည်။

ဘုရားသုံးဆူ အနီးတပ်စွဲထားသော ဒီကေဘီအေတပ်များနှင့် မြန်မာစစ်တပ်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေပြီး ထိုင်းဖက်ကမ်း ဘုရားသုံးဆူရှိ အန်ဂျီအို အဖွဲ့များကို ထိုင်းလုံခြုံရေး အဖွဲ့များက စံခရဘူရီသို့ ရွှေ့ပြောင်းခိုင်းထားသည်။ (http://burmese.burmaelection2010.com/2010-09-24-09-42-25/36/229.html)

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By