" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"
Showing posts with label ခေတ်သစ်. Show all posts
Showing posts with label ခေတ်သစ်. Show all posts

Wednesday, August 1, 2012

တာဝန်ရှိပုဂ္ဂိုလ်များ အရေးယူဆောင်ရွက်နိုင်ရန်နှင့် မိတ်ဆွေများသိနိုင်စေရန်။

      

တာဝန်ရှိပုဂ္ဂိုလ်များ အရေးယူဆောင်ရွက်နိုင်ရန်နှင့် မိတ်ဆွေများသိနိုင်စေရန်။            စက်တငင်ဘာ ၃၁၊၉၊၂၀၁၂



 ကိုသီဟဘလှနှင့် မသစ်သစ်(ခေါ်)မသင်းသင်းဆွေ
 ကိုရေချမ်းသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက်တွင် ၊ မိုးကြိုးသတင်းစာမှ အနားယူပြီး စက်ချုပ်လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းတွင် ကိုသီဟဗလှနှင့် လုပ်ငန်းတူဖြစ်သည့်အတွက် ဆက်ဆံခဲ့ရပါသည်။
ကိုသီဟဗလှသည်၊ ယခင် (PPF)အဖွဲ့တွင်တာဝန်ထမ်းဆောင်ပြီး အနားယူခဲ့သည်ဟု သိရပါသည်။
ကိုသီဟဗလှသည်၊  မြ၀တီမြို့ ၊အမှတ်(၁)ရပ်ကွပ်၊ နှင်းဆီလမ်းတွင်နေထိုင်သော၊ အဖဦးဘဇံ၏သမီးဖြစ်သူ၊မသစ်သစ်၊ ကိုသီဟခေါ်ဆိုသည့်အတိုင်း (ခေါ်)မသင်းသင်းဆွေနှင့် အိမ်ထောင်ကျသူဖြစ်ပြီး၊မသစ်သစ်နှင့်ညီမဖြစ်သူတို့ကလည်းကိုသီဟဗလှနှင့်စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေကြသူများအဖြစ်၊ ကိုရေချမ်းနှင့်စတင်ပတ်သက်ခဲ့စဉ်က သိရှိခဲ့ရ ပါသည်။
၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလတွင် ကိုသီဟဗလှက လက်နှက်ချအလင်းဝင်တော့မည်ဟု ကိုရေချမ်းကိုပြောကြားခဲ့ပြီး၊ စက်ချုပ်လုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေအရ အပ်ချုပ်စက် အင်အားလုံလောက်စွာ မရှိဖြစ်နေသည့်အတွက် ကိုရေချမ်းထံမှ ငါးပင်စက်တလုံးနှင့် တပင်စက်သုံးလုံးကိုငှားရမ်း အသုံးပြုချင်ကြောင်းတောင်းဆိုလာသည့်အတွက် ငှားရမ်းခဲ့ပါသည်။
ငါးပင်အပ်ချုပ်စက်ကို တလ(၆၀၀)ဘတ်နှင့်(၁)လုံး၊ တပင်အပ်ချုပ်စက်တလုံးကို တလ (၃၀၀)ဘတ်နှင့် (၃)လုံးငှားရမ်း သွားခြင်းဖြစ်ပါသည်။  
 ကိုရေချမ်းအနေနှင့်ကလည်း စက်ချုပ်လုပ်သားမရှိဖြစ်နေသည်ကတကြောင်း၊ ကိုရေချမ်း၏အိမ်လခအခက်အခဲရှိနေသည် ကတကြောင်းကြောင့်၊ လုပ်ငန်းတူတယောက်ဖြစ်သည့်အပြင်၊ကိုသီဟဗလှ၏ဂုဏ်သိက္ခာနှင့်ကိုသီဟဗလှ၏မိဘဂုဏ်သိက္ခာတို့ကို ယုံကြည်သည့်အတွက် အပ်ချုပ်စက်များကိုငှားရမ်းခဲ့ပါသည်။
အပ်ချုပ်စက်များကို၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ ၁ရက်မှစတင်ငှားရမ်းမှာဖြစ်တာ ကြောင့်ကိုသီဟဗလှက ဇန်န၀ါရီလ(၃၁)ရက်ညနေတွင်လာရောက် သယ်ဆောင်သွားခဲ့ပါသည်။
ကိုရေချမ်း၏ ကပ္ပီဘန်းနေအိမ်မှ အပ်ချုပ်စက်များငှားရမ်းသည့်အချိန်တွင် ၊ကိုဝဏ္ဏ၊ ကိုသာချွန်း၊ကိုမူလွဲ၊ဦးတင်ညိုနှင့် ကိုရေချမ်းငှားရမ်းနေထိုင်သည့် အိမ်ရှင်များမြင်တွေ့လိုက်ရသည့် အပြင်ကိုသာချွန်းနှင့်ကိုမူလွဲတို့က စက်များကိုကားပေါ်သို့ ကူညီတင်ဆောင်ပေးခဲ့ကြသည်။
အပ်ချုပ်စက်ငှားရမ်းခကို ဖေဖေါ်ဝါရီလနှင့်မတ်လအတွက်သာရရှိခဲ့ပါသည်။ ( မတ်လအတွက် စက်ငှားခကိုကိုရေချမ်း၏အမျိုးသမီး မြ၀တီသို့သွားရောက် တောင်းဆိုခဲ့ရသည့်အပြင် မတ်လကုန်တွင်စက်များပြန်လည် သိမ်းယူတော့ မည်ဖြစ်ကြောင်းနှင့်ဧပြီလပထမပတ်တွင် မြန်မာပြည်ပြန်တော့ မည်ဖြစ်ကြောင်းကြိုတင်ပြောဆိုခဲ့ပါသည်။)
ကိုရေချမ်းတို့ ဇနီးမောင်နှံသည်၊ပြည်တော်ပြန်ပြီး၊ အပ်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြု မည်ဟုရည် ရွယ်ထားသူများဖြစ်ပါသည်။
မတ်လတွင် အမှတ်(၁)ရပ်ကွပ်၊ နှင်းဆီလမ်းရှိ ဦးဘဇံနေအိမ်သို့  ကိုရေချမ်း၏ အမျိုးသမီး ပထမတကြိမ် သွားရောက်ခဲ့စဉ်က  ငါးပင်စက်တလုံးအားတွေ့ရှိခဲ့သည်။ ထပ်မံ၍ ဒုတိယအကြိမ်သွားရောက်ခဲ့သည့်အခါ မတွေ့ရှိရတော့သည့်အတွက် ကိုသီဟဗလှ၏အမျိုးသမီးဖြစ်သူကိုမေးမြန်းကြည့်ရာ သူမသိရှိခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ဧပြီလပထမပတ်တွင် တတိယအကြိမ်ကိုရေချမ်း၏ဇနီး မြ၀တီသို့ သွားရောက်စဉ်အခါက အမှတ်(၁)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တဆိုင် ကိုရေချမ်းသည် မြန်မာပြည်ပြန်ရန်အစီအစဉ်များကို လုပ်ဆောင်ထားသောကြောင့် စက်များကိုပြန်လည်ရယူလိုကြောင်းနှင့် ပြန်လည်အပ်နှံမည့် ရက်စွဲကို အတိအကျပြောဆို ပေးစေလိုကြောင်း ကိုရေချမ်း၏အမျိုးသမီးဖြစ်သူ မခင်ခင်ထွေးက ကိုသီဟဗလှအားပြောကာတောင်းဆိုခဲ့ရာတွင် တိတိကျကျပြောဆိုနိုင်ခြင်းမရှိကြောင်း ကိုသီဟဗလှမှ ပြောဆိုခဲ့သည့်အတွက် အချင်းများခဲ့ရသည်။
ထိုသို့စကားများစဉ် ကိုသီဟဗလှမှ မကျေနပ်လျှင်ကြိုက်တဲ့နေရာတိုင်၊ ဒီကေဘီအေဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်ဘာဖြစ်ဖြစ် ဘာကိုမျှဂရုမစိုက်ဘူး ကြိုက်ရာတိုင်ဟု ကိုရေချမ်း၏အမျိုးသမီးအား ဒေါသနှင့် အော်ဟစ်ပြောဆိုခဲ့ပါသည်။
ကိုရေချမ်းတို့ ဇနီးမောင်နှံ့သည် မည်သူ့ကိုမျှတိုင်ကြားခြင်း မရှိခဲ့ပါ။ စီးပွားရေးအဆင်မပြေသည့် အခြေအနေတွင်ငွေကြေးခက်ခဲလွန်းသည့်အတွက် တခါတရံတွင် တနှစ်ခွဲကျော်ကျော်ရှိပြီး မိခင်နို့ဖြတ်ထားစကလေးအတွက် နို့ဗူးဝယ်ရန်ပင် အဆင်မပြေလှပါ။
ကိုသီဟ၏ စကားကိုယုံမှားကာကိုရေချမ်းသည် စောင့်ဆိုင်းနေလျက်ရှိသည်။ထိုသို့ စောင့်နေစဉ်အတွင်းသင်္ကြန်ပထမအကြတ်ရက်တွင်၊နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသွားသည့် အတွက် ထိုင်းရဲများ၏ဖမ်းဆီးခြင်းကိုခံခဲ့ရပါသည်။ယခင်က ကိုရေချမ်းတို့ဇနီးမောင်နှံတွင်နေထိုင်ခွှင့်လက်မှတ်များ  ၊အလုပ်လုပ်ခွင့်စာရွက် စာတမ်းများရှိခဲ့ကြသည်။မြန်မာပြည်ပြန်ရန်စီစဉ်ထားသည့် ကိုရေချမ်းတို့ ဇနီးမောင်နှံသည် နေထိုင်ခွင့်နှင့်အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို သက်တမ်း တိုးမြှင့်ပြုလုပ်ခြင်း မရှိတော့ပါ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထိုင်းအချုပ်ခန်းတွင်နှစ်ရက်နှင့် တညနေထိုင်ခဲ့ရပြီး၊ ဘတ်(၈၅၀၀) ကိုတရားရုံး တွင် ဒဏ်ငွေ ပေးဆောင်ခဲ့ရပါသည်။
ကိုရေချမ်းအနေနှင့် အိမ်လခ၊ မီးလခများနှင့်အတူတရားရုံးတွင် ပေးဆောင်ခဲ့ရသော ငွေကြေးတို့အားယခုအချိန် အထိချေးငှားထားသူများထံသို့ပြန်လည် ပေးဆောင်နိုင်ခြင်း မရှိသေးပါ။
ဧပြီလပထမပတ်တွင် မြန်မာပြည်ပြန်ရန် စီစဉ်ထားသည်ဖြစ်သည့်အတွက် မြ၀တီမြို့ရှိ မယကရုံးသို့ ကိုရေချမ်း၏ ကိုယ်ရေးရာဇ၀င်အကျဉ်းနှင့် ဓါတ်ပုံနှစ်ပုံအား တင်ပြထားပြီးဖြစ်ပါသည်။
ကိုရေချမ်းအမျိုးသမီးမြ၀တီမြို့၊ အမှတ်(၁)ရပ်ကွပ်၊ နှင်းဆီလမ်းရှိ ကိုသီဟဗလှ၏ ယောက်ခမတော်စပ်သူ ဦးဘဇံနေအိမ်သို့ နောက်ဆုံးသွားရောက်ခဲ့စဉ်ကလည်း၊ ဦးဘဇံ၏ဇနီးနှင့် သမီးငယ်များရှိနေခဲ့ကြသည်။ ထို့အပြင်ကိုသီဟဗလှ ကိုရေချမ်းထံမှ စက်များငှားရမ်းခဲ့သည့် အကြောင်းစုံကိုသိရှိထားသူဖြစ်ပြီး၊ မြ၀တီမြို့ ရေလယ်ကျွန်းတွင်နေထိုင်သူ ဖထီးဟု ကိုရေချမ်းတို့ လေးစားစွာ ခေါ်ဝေါ်သော ကရင်အမျိုးသားတဦးလည်း ဦးဘဇံ၏နေအိမ်တွင် ရောက်ရှိနေနှင့်ပြီးဖြစ်ပါသည်။
ဖထီးကို မြ၀တီသို့ရောက်လျှင် အပ်ချုပ်စက်များအခြေအနေကိုမေးမြန်းပေးပါရန် ကိုရေချမ်းကမှာထားသော ကြောင့်ရောက်ရှိနေခြင်းဖြစ်ပါသည်။
ထိုအချိန်တွင်ဦးဘဇံ၏အမျိုးသမီးမှ ကိုသီဟဗလှ၏ကိစ္စများကို ဦးသန်းဝင်းနှင့် ဦးကျားကြီးတို့သိရှိသွားပြီ ဖြစ်သည့်အတွက်နာမည်ပျက်ရှိသွားတာကြောင့်၊ ကိုရေချမ်းထံမှ ငှားရမ်းထားသော အပ်ချုပ်စက်များကိုပြန်မပေးနိုင်တော့ကြောင်း  ကိုရေချမ်း အမျိုးသမီးအား ပြောဆိုခဲ့ပါသည်။
ဦးဘဇံ၏ သမီးအငယ်မှလည်းစက်များငှားရမ်းထားသည့်စာရွက်စာတမ်း အထောက်အထား မရှိတာကြောင့် တိုင်ချင်ရာတိုင်ဟုပြောဆိုခဲ့ပါသည်။
ကိုရေချမ်း၏စက်များကို ကိုသီဟဗလှ၏ယောက္ခမဖြစ်သူက တွန်းလှည်းဖြင့် လာရောက်သယ်ဆောင်သွားသည်ဖြစ်ကြောင်းနှင့် ကိုတရုပ်ကိုယ်တိုင်သယ်ပေးလိုက်ရတဲ့အတွက်  ဘတ်ငွေ(၁၀၀)ရလိုက်ကြောင်းကိုတရုပ်က ကိုရေချမ်းနှင့်တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ကိုတရုပ်သည် ယခင်ကိုသီဟဗလှတို့ အပ်ချုပ်လုပ်ငန်းလုပ်ကိုင်ခဲ့စဉ်ကစပြီး ယခုအချိန်အထိ ထိုစက်ရုံတွင် ရှိနေပါသေး သည်။
ဇွန်လဆန်းပိုင်းတွင်၊ မြ၀တီရှိကိုသီဟဗလှက၊ မဲဆောက်မြို့ရှိ ကိုကျော်လင်းဆိုသူအား ဖုန်းဖြင့် ဆက်သွယ်ပြီးလက်နက်ချအလင်းဝင်ခဲ့လျင် အခြေအနေကောင်းကြောင်း၊ ကားတစင်းလျှင် ငါးသောင်းရကြောင်း၊ပြောဆိုစည်းရုံးနေပြီး၊ရေချမ်းပြန်လို့မရကြောင်း၊ ရေချမ်းပြန်လျှင် သူဂိတ်တွင်အမြဲရှိနေကြောင်းနှင့် ပြန်ပါကတစုံတရာဖြစ်နိုင်ကြောင်း၊ ပြောဆိုခဲ့သည်ဟုကျော်လင်းမှ တဆင့်ပြောဆိုခဲ့ကြောင်းသိရပါသည်။
ကိုရေချမ်းအနေဖြင့် ကိုသီဟဗလှအကျိုးယုတ်စေမည့်မည်သည့် အပြုအမူ၊ အလုပ်အကိုင်မျိုးကို လုပ်ဆောင်ခြင်း၊ပြုမူခြင်းမရှိသည့်အပြင် အခက်အခဲအကြပ်အတည်းများကြားမှအက်ချုပ်စက်များ ပြန်လည်ရရန် စောင့်ဆိုင်းနေခဲ့ပါသည်။ကိုသီဟဗလှသည်ကိုရေချမ်း၏ အပ်ချုပ်စက်များကို ပြန်လည်ပေးအပ်ခြင်းမရှိသည့်အပြင်ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်လာသည့် အတွက်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိတ်ဆွေများသိရှိစေရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ခေတ်သစ် 

Read More...
 http://www.blogger.com/blogger.g?blogID=5880924363047525877#editor/target=post;postID=7254978117881917362

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By