" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Wednesday, May 6, 2009

ဆန္ဒပြမှုနောက်ဆက်တွဲသတင်း။

ယနေ့နံနက် ၈း၃၀ တွင် Panthong Manufacturing Co,Ltd စက်ရုံမှ အလုပ်သမား(၂၀၀) ခန့် ၄င်းတို့လုပ်အားခ နှစ်လစာ လစာငွေ မရရှိသောကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး ရှေ့တွင် သွားရောက်ဆန္ဒပြရာ နေ့လည် ၂း၃၀ နာရီတွင် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်ရရှိသဖြင့် ဆန္ဒပြပွဲပြီးဆုံးသွားသည်။

မက်ဖေါင်ဒေးရှင်း နှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အကူအညီဖြင့် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးမှတာဝန်ရှိသူများ စက်ရုံ ပိုင်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် (၉) ဦး တို့နံနက် ၁၁း၃၀ တွင်စတင် ဆွေးနွေးညှိနှိုင်းသည်။

စက်ရုံပိုင်ရှင်ကိုယ်စားလှယ်မှ အလုပ်သမားတို့၏လစာကို ၂၀.၄.၂၀၀၉ နေ့တွင် နောက်ဆုံးထား ပေးရန် ယခုအချိန်မှစပြီး အလုပ်သမားများအား တနေ့ထမင်းနှင့်ဟင်း (၃) ကြိမ် ကျွေးမွေးရန် သောက်သုံးရေ အလုံအလောက် ပေးရန်နှင့် စက်ရုံအတွင်း ဆက်လတ် နေထိုင်ခွင့်ပြုရန်တို့ကို ကတိပြုခဲ့သည်။

နေ့လည် ၂း၃၀ နာရီ၌ သဘောတူစာချုပ်တွင် အလုပ်သမား အခွင့်အရေးရုံး တာဝန်ရှိသူအရာရှိ ဖုန်ဆွန်ဖုံ အလုပ်ရှင် ကိုယ်စားလှယ် ထန်နဖွန် ဆိုထနာဒေချာဖွန် (ပိုင်ရှင်ဇနီး) အလုပ်သမား ကိုယ်စားလှယ် (၉) ဦး နှင့် အလုပ်သမားများ၏ရှေ့နေ ဖိနူန် တို့ပါဝင်လက်မှတ်ရေးထိုးကြသည်။

ဆန္ဒပြပွဲပြီးဆုံးသွားသဖြင့်အလုပ်သမားများစက်ရုံသို့ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါသည်။

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By