" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Sunday, December 27, 2009

ထိုင်းက အလုပ်သမား လေးသိန်းကျော် ခေါ်မည်

ပြည်ပ အလုပ်သမား လေးသိန်းကျော်ကို တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပြုရန် အလုပ်သမား ဝန်ကြီး ဌာနက စီစဉ်နေကြောင်း ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ အင်တာနက် စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။

ယမန်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲမှု ဆိုင်ရာ အစည်း အဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“နောက်ထပ် နိုင်ငံခြားသား အလုပ်သမားတွေကို မှတ်ပုံတင်ခွင့် ပြုဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံသားတွေက ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အအေးခန်း သိုလှောင်ရုံ လုပ်ငန်း တွေမှာ မလုပ်ချင်ကြလို့ ဒီလို ဆုံးဖြတ်လိုက်တာပါ” ဟု အလုပ်သမား ဝန်ကြီး ဌာန၊ အလုပ်အကိုင်ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် Pichai Ekpithakdamrong က ပြောကြားခဲ့သည်ဟု ဆိုသည်။

အလုပ်သမား ဝန်ကြီး ဌာန၏ အစီအစဉ်သစ်ကို အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက ကြိုဆို လိုက်သည်။

“ ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးမယ် ဆိုတော့ ကောင်းပါတယ်၊ ဒါပေမယ့် လတ်တလောမှာ မြန်မာ အလုပ်သမားတွေကို ဖမ်းဆီးနေတာတွေ၊ နေရပ်ရင်း ပြန်ပို့နေတာတွေ ကိုတော့ ရပ်တန့်ဖို့ လိုအပ်ပါတယ်” ဟု ချင်းမိုင်မြို့ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (MAP) မှ တာဝန်ခံတဦး ဖြစ်သည့် မစ္စ ဂျက်ကီ ပူးလော့က ပြောသည်။

ထိုင်းနိုင်ငံတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ အလုပ်သမားများ နေထိုင် လုပ်ကိုင်လျက်ရှိသည်။ အများစုမှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိပေ။

တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံ အနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂သန်းမှ ၄သန်း အထိ ရှိသည်ဟု သိရပြီး အလုပ်သမား အများစုမှာ အလုပ်သမားမှတ်ပုံတင်ဖြင့် တရားဝင် အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။

ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းကြောင့် ထိုင်းနိုင်ငံသား ၂ သန်းခန့် အလုပ် လက်မဲ့ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ပမှ အလုပ်သမားများအား မှတ်ပုံတင် ပြုလုပ်ပေးရန် အစီအစဉ် မရှိသေးကြောင်း ယခုနှစ် အစပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာနက ကြေညာခဲ့ဖူးသည်။

ဧရာဝတီ

Read More...

မေ့လျော့နေသော အလုပ်သမား ဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား


ရန်ကုန်။ ။ ရန်ကုန်တွင် စက်ရုံ၊အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများမှ အလုပ်သမား ခေါ်ယူရာ၌ အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး မှတဆင့် ခေါ်ယူရတော့မည်။

ယခုလ ဒုတိယပတ်အတွင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် အသင်း - UMFCCI မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခါ အလုပ်သမား ခေါ်ယူရေး စည်းကမ်းကို ပြောဆိုကာ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်အကြား သဘောတူလက်မှတ် ရေးထိုးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အလုပ်သမားလိုရင် သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံး တွေကတဆင့် ခေါ်ဖို့၊ အလုပ်သမား တယောက် ခန့်ထားပြီဆိုတာနဲ့ သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို အလုပ်သမားရုံးတွေကို ပေးရမယ်။ ပြီးတော့ သူတို့ အသိအမှတ်ပြုစာချုပ် ချုပ်ရမယ် ဆိုတာတွေ ပြောသွားမယ်” ဟု အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သော ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောဆိုသည်။

မြို့နယ် အလုပ်သမားရုံးများသည် သက်ဆိုင်ရာ မြို့နယ်ရှိ လုပ်ငန်းခွင် အခြေအနေကို ရှောင်တခင် ဝင်စစ်ရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်သည်။

ယခု လဆန်းပိုင်းမှ စတင်၍ အလုပ်သမားဝန်ကြီးသည် ရန်ကုန် စက်မှုဇုန်များမှ လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြို့နယ် အလုပ်သမားရုံးများမှ ဝန်ထမ်းများနှင့် လိုက်လံတွေ့ဆုံခဲ့ပြီး အဆိုပါကိစ္စ အကောင်အထည် ဖော်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“တပ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး) အမိန့်အရ လုပ်တာလို့ ပြောတယ်။ အလုပ်သမား ကိစ္စတွေကို အလုပ်သမားရုံးက မဖြစ်မနေ ပါဝင်ပတ်သက် ရမယ်။ အလုပ်အကိုင် ရရှိရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြေရှင်းရေးကို အလုပ်သမားရုံးတွေက လုပ်နိုင်ရမယ်။ မလုပ်နိုင်တဲ့ မြို့နယ်က ဦးစီးအရာရှိကို နယ်ပြောင်းမယ်။ ဒါမှမဟုတ်ရင် အလုပ် ထုတ်ပစ်မယ်ဆိုပြီး ပြောသွားတယ်” ဟု ယခုလ ၁၆ ရက်နေ့က အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သော အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မြို့နယ် ဦးစီးမှူးတဦးက ပြောသည်။

ယခုလို ဆောင်ရွက်ခြင်းမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော အလုပ်သမား ဝန်ကြီးဌာန၏ အခန်းကဏ္ဍကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ မြို့နယ် အလုပ်သမားရုံးတခုမှ ဦးစီးအရာရှိတဦးက ဆိုသည်။

ယခုလို အလုပ်သမားအရေး စည်းကမ်းနှင့်ပတ်သက်၍ နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းကြည့်ရာ ရုံးဝန်ထမ်းတဦးးက "အဲဒါကလေ သတင်းစာထဲမှာ ပါတယ်။ ကျမတို့က ပြောပိုင်ခွင့် မရှိလို့ပါရှင့်" ဟု မဇ္ဈိမကို ပြောသည်။

လက်တွေ့တွင်မူ အလုပ်သမားရုံးများသို့ ဆက်သွယ်ပြီး အလုပ်အကိုင် ရှာဖွေသူ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တဦးမျှ မရှိသေးကြောင်း သိရသည်။

“အလုပ်သမားမှတ်ပုံတင် လုပ်ချင်တယ်ပြောလို့ လုပ်ပေးတာပဲ ရှိတယ်။ ဘယ်အလုပ်သမားကမှ အလုပ်ရှာဖို့ စာရင်း လာပေးထားတာ မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ အလုပ်သမား လိုချင်လို့ဆိုပြီး လာအကြောင်းကြားတာ မရှိဘူး” ဟု အလုပ်သမားရုံး ဦးစီးအရာရှိက ပြောသည်။

အလုပ်အကိုင်ရလိုပါက မြို့နယ် အလုပ်သမားရုံးများတွင် မှတ်ပုံတင် စာရင်းသွင်းနိုင်သည်ကို အလုပ်သမားများ မသိရှိသေးကြောင်း စက်မှုဇုန် အလုပ်သမားအချို့ကို မေးမြန်းကြည့်ချက်အရ သိရသည်။

“ဒီစက်ရုံမှာ အလုပ်လျှောက်တော့ မှတ်ပုံတင်ရယ်၊ ရပ်ကွက်ထောက်ခံစာရယ်၊ အလုပ်သမား မှတ်ပုံတင်ရယ် လိုတယ်ဆိုလို့ မြို့နယ်အလုပ်သမားရုံးမှာ လေဘာကတ်လုပ်ဖူးတယ်။ ဒါလောက်ပဲ သိတယ်။ အလုပ်လိုချင်ရင် အဲဒီမှာသွားရှာလို့ ရတယ်ဆိုတာ ဘယ်သူမှလည်း မပြောဘူး။ ဒီနေ့ အလုပ်သမားတွေ လူကြီးနဲ့ တွေ့ရတယ် ဆိုပြီးသွားမှ အဲဒီလူကြီးက ပြောသွားလို့သိတာ“ ဟု ဝန်ကြီးနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သော ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခုမှ အလုပ်သမတဦးက ပြောသည်။

နီမိုးမြင့်

Read More...

Thai pop စက်ရုံအလုပ်သမားများ အလုပ်ပြတ်တောက်နေစဉ်အပြင်ထွက်လုပ်ရာမှ ငွေလိမ်ခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မှုဘန့်နေ Thai pop စက်ရုံအလုပ်သမားများ စက်ရုံအလုပ်ပြတ်တောက်နေချိန် အပြင်ထွက်ပြီး ကြံခုတ်နေ့စားလိုက်လုပ်ရာ နေ့စားခေါ်သူမှ လုပ်အားခ ကိုမရှင်းပေးဘဲ ထွက်ပြေးသွားကြောင်း နေ့စားခမရသူတယောက်ဖြစ်တဲ့ ကိုအရှည်ကြီးက ယခုလိုပြောသည်

̏ကျွန်တော်တို့က စက်ရုံမှာချည်ပြတ်သွားချိန် အလုပ်မရှိဘူးဗျာ ဒါကြောင့် အလုပ်နားနေချိန်မှာ စားစရိတ်လေးရအောင် ဆိုပြီး အပြင်မှာထွက်အလုပ်လုပ်ဖို့ ကိုစိုးနိုင်ကို ပြောတော့ သူမှာ အလုပ်ရှိတယ် ကြံခုတ်ရမယ်ပေါ့ တနေ့ ၁၀၀ ရမယ် ဆိုပြီး လိုက်လုပ်တာလေ စက်ရုံထဲက ၁၀ ယောက်ကျော် လိုက်လုပ်မယ်ပေါ့ စက်ရုံကထမင်းပေးတယ် ဟင်းမပေးဘူးလေ ဒါကြောင့် အပြင်ကဆိုင်တွေမှာ အကြွေးစာရင်းဖွင့်ပြီး ဟင်းဝယ်သွားရတယ်လေ ၁၀ရက်လောက်ရတော့ သူဌေးက ပိုက်ဆံမပေးသေးဘူးလားမေးတော့ နောက်ထပ် တနေရာပြီးရင် ရှင်းပေးမယ်လို့ပြောတယ်ဗျာ အဲဒီနေရာပြီးတော့ သူပြောတာ စက်ရုံက သူဌေးကို ပိုက်ဆံမပေးသေးဘူးခဏစောင်ပေးပါ ပေးတာနဲ့ သူလာပေးပါ့မယ် ဆိုပြီးခုထိ ပေါ်မလာတော့တာဘဲ ခုတော့ ဟင်းဖိုးလဲမကြေ ပိုက်ဆံလဲ မရ လူတွေလဲ ပင်ပန်း သူကတော့ အားလုံး ငွေတွေယူပြီး ထွက်ပြေးသွားတယ်လေ”

အဆိုပါ Thai pop knitting စက်ရုံမှာ မယ်တောင်မှုဘန့်တွင် တည်ရှိပြီး ၎င်းစက်ရုံအနီး နေထိုင်သူ ကိုစိုးနိုင်မှ လုပ်အားခ ငွေ စုစုပေါင်း ဘတ် ၃၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်သည်

Thai pop knitting စက်ရုံမှာ ယခု သတင်းထွက်ပေါ်နေချိန်အထိ အလုပ်ပြတ်တောက်နေဆဲဟု သိရှိရပါသည်။

Read More...

ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ်

ပြည်နယ် ၇၁ ပြည်နယ်ကအလုပ်သမားတွေအတွက် နေ့တွက်အနိမ့်ဆုံးလုပ်ခတိုးပေး
ဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အနိမ့်ဆုံးလုပ်ခကော် မတီက သဘောတူလိုက်ပြီလို့ သောကြာနေ့က ကော်မတီအတွင်းရေးမှူး Somchai Chumrat က ပြောပါတယ်။ အစည်းအဝေးဆုံး ဖြတ်ချက်တွေ လက်မှတ်ထိုးဖို့အတွက်အလုပ်သမားဝန်ကြီး Paitoon Kaewthong ဆီ အင်္ဂါနေ့မှာ တင်သွင်းပါမယ်။ အလုပ်သမားတွေ အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခသစ်ကို စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်ခသစ်တွေကတော့ ဘန်ကောက်နဲ့ဆွတ်ပရခန်းဒေသမှာ တရက်ကို ၂၀၆ ဘတ်၊ ချင်းမိုင်းမှာ ၁၇၁ ဘတ်၊ ဖူးခက်မှာ ၂၀၄ဘတ်၊ အယုဒ္ဓယမှာ ၁၈၁ ဘတ်၊ ခွန်ခေးန်မှာ ၁၅၇ ဘတ်၊ ရနောင်းမှာ ၁၅၇ ဘတ်နဲ့ ဆာရာဘူရီမှာ ၁၈၄ ဘတ် တို့ဖြစ်ပါတယ်။ မယ်ဟောင်စွန်၊ ဆူခိုထိုင်း၊ ချင်းရိုင်း၊ ပက်ချာဘွန်းနဲ့ဥထိုင်းဌာနီတို့မှာတော့ အနိမ့်ဆုံးလုပ်ခတွေ နဂိုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By