" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Thursday, October 1, 2009

နိုင်ငံခြားရေးဝန်ကြီး(ဦးဥာဏ်ဝင်း)ဖိနပ်ဖြင့်ပြစ်ပေါက်ခံရ

မြန်မာကိုယ်စားလှယ်အဖွဲ့ တည်းခိုသည့် နယူးယောက်မြို့ ၃၉ လမ်းရှိ East Gate ဟိုတယ်ရှေ့တွင် မြန်မာ့ အရေး လှုပ်ရှားသူများက ဆန္ဒပြခဲ့ကြရာ စိတ်မထိန်းနိုင်သည့် ဆန္ဒပြသူ တချို့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း စီးနင်းလိုက်ပါသွားသည့် ကားကို ဖိနပ်၊ ကော်ဖီခွက်များဖြင့် ပစ်ပေါက်ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောကြားမည့် ယမန်နေ့ နံနက်က မြန်မာ့ အရေးလှုပ်ရှားသည့် ဆန္ဒပြသူ ၃၀ခန့်က ယင်းဟိုတယ်ရှေ့တွင် စောင့်ဆိုင်း ဆန္ဒပြ ကြရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့က လူတချို့ထွက်လာပြီးနောက် ဓာတ်ပုံ၊ ဗွီဒီယိုများ ရိုက်ယူခဲ့ကြကြောင်း ဗွီအိုအေ တီဗွီ သတင်း http://www.youtube.com/watch?v=SijFNXBu_v8&feature=player_embedded တွင် ဖော်ပြ ထားသည်။

မကြာမီ အချိန်အတွင်းမှာပင် နယူးယောက်မြို့ရဲတချို့ရောက်လာပြီး ဟိုတယ်ရှေ့ဆန္ဒပြသူများကို လမ်းတဘက် တွင် သွားရောက်ဆန္ဒပြရန် ပြောဆိုကြောင်း၊ ယင်းအချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအဖွဲ့ ထွက်လာပြီး ကားပေါ်တက်ရာတွင် ဆန္ဒပြသူများက ကားနားအထိသွားရောက် အော်ဟစ်ဆန္ဒပြသဖြင့် ရုန်းရင်း ဆန်ခတ် ဖြစ်သွားကြောင်း၊ ယင်းကားကို ဆန္ဒပြသူများက ဖိနပ်၊ ကော်ဖီခွက်များဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သတင်းတွင် ပါရှိသည်။

“ဗိုလ်ချုပ်သိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းတို့က ကုလသမဂ္ဂ အစည်းအဝေးကို လာတယ်၊ သူတို့က မြန်မာကိုယ်စားလှယ်တွေ မဟုတ်ဘူး။ သူတို့ဟာ တရားဝင် ကိုယ်စားလှယ်အဖြစ် ကျနော်တို့ မသတ်မှတ်ဘူး၊ ဒီဆန္ဒပြပွဲမှာ ကျနော်တို့ ရဲဘော်တွေက နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဖိနပ်နဲ့ ပစ်လိုက်နိုင်ပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကိုမိုးသီးဇွန်၏ ပြောကြားချက်ကို လည်း အဆိုပါ သတင်းက ကိုးကားရေးသားထားသည်။

ဖိနပ်ဖြင့် ပစ်ပေါက်ကြသူ တဦးကို ရဲက ဖမ်းဆီးလိုက်သော်လည်း ခဏအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းက ဆိုသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အရေးယူ ပိတ်ဆို့မှုသည် တရားမျှတမှုမရှိသဖြင့် ရပ်တန့်ပေးရန် တောင်းဆိုလိုက်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်နေကြောင်း ယမန်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

“အရေးယူပိတ်ဆို့မှုတွေက အကြမ်းဖက်သဘောဆောင်တဲ့ မဆင်မခြင် လုပ်ရပ်တွေပါ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး မြှင့်တင်ဖို့ အတွက် အရေးယူ ပိတ်ဆို့မှုတွေက တရားဝင် မဟုတ်ပါဘူး၊ အရေးယူပိတ်ဆို့မှုတွေက မြန်မာပြည်ကို ဆန့်ကျင်တဲ့ နိုင်ငံရေးလက်နက်ပါ၊ အရေးယူ ပိတ်ဆို့မှုတွေကို ကျနော်တို့ကတော့ မတရားဘူးလို့ ယူဆပါတယ်” ဟု ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၁ခုနှစ် အထိ နာဂစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာပြည် အနေဖြင့် ဒေါ်လာ ၆၉ ဘီလီယံ အထိလိုအပ်ကြောင်း၊ ဒီမိုကရေစီ စနစ်သို့ ဖော်ဆောင်ရာတွင် မြန်မာလူ့အဖွဲ့ အစည်းကသာလျှင် သင့်လျော်မည့် စနစ်သို့ ပြောင်းလဲဖော်ဆောင်နိုင်ပြီး ပြင်ပနိုင်ငံများက ချမှတ်ဖော်ဆောင် ပေး၍ မရကြောင်း၊ ၂၀၀၈ မေလ လူထုဆန္ဒခံယူပွဲအရ ဖွဲစည်းပုံ အခြေခံ ဥပဒေသစ်သည် ၉၂.၄၈ ရာခိုင်နှုန်းဖြင့် ထောက်ခံမှုရခဲ့ပြီး ယင်းအခြေခံ ဥပဒေအရ အစိုးရကို ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်က ပြောသည်။

ဝန်ကြီးချုပ် သိန်းစိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းနှင့်လည်း ယမန်နေ့ကတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် မစ္စတာ ဘန်ကီမွန်းက ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်နိုင်ပြီး ယုံကြည် ကိုးစား ရသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် စစ်အစိုးရတွင် တာဝန်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရန်နှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ၀န်ကြီးချုပ် သိန်းစိန်သည် အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့်လည်း ထပ်မံ တွေ့ဆုံခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်က “ဆွေးနွေးတာကတော့ အရင်လက အစပြု ပြောဆိုခဲ့တာကို ဆက်ပြီး ဆွေးနွေးတာပါ၊ အမေရိကန် အစိုးရရဲ့ မူဝါဒသစ်နဲ့ မြန်မာအစိုးရရဲ့နောက်နှစ်မှာ ရွေးကောက်ပွဲ ကို ကျင်းပပေးမယ်ဆိုတဲ့အတည် ပြုချက်က အရေးပါတဲ့ ဆက်ဆံရေးကို ပြောင်းလဲနိုင်တယ် ဆိုတဲ့ သင်္ကေတပါ” ဟု မစ္စတာ ဂျင်မ်ဝက်ဘ် က ဆိုသည်။

ယခု ခရီးစဉ်သည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ နယူးယောက်မြို့သို့ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂညီလာခံ တက်ရောက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည် ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbellက သတင်းစာရှင်းလင်းပွဲတွင် လွန်ခဲ့သော ၇ လကတည်းက ပြန်လည်သုံးသပ်နေသည့် မြန်မာပြည် အပေါ် ထားရှိသော အမေရိကန်ဆိုင်ရာ မူဝါဒသစ်ကို ထုတ်ဖော် ပြောကြား လိုက်သည်။

Kurt Campbellက“မူဝါဒသစ်က အခြေခံ သဘောတရားတွေ မပြောင်းပါဘူး၊ မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ပြောဆို ဆက်ဆံမှုတွေကို စတင်ဖို့ ရည်ရွယ်ထားပါတယ်၊ ကျနော်တို့ရဲ့တောင်းဆိုချက်တွေကို စစ်အစိုးရက အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသရွေ့ ပိတ်ဆို့ အရေးယူမှုတွေကို အလျင်အမြန် ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ယင်းအပြင် မြန်မာပြည်ကို လူသားချင်းစာနာ ထောက်ပံ့သည့် အကူအညီများကို ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား လူမျိုးစုများနှင့် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ရပ်တန့်ပေးရန် တောင်းဆို လိုက်သည်။

ဝါရင့်နိုင်ငံရေးသမားဖြစ်သူ သခင်ချန်ထွန်းက“ အမေရိကန်က အမျိုးမျိုး စမ်းသပ်နေတာပါ၊ အခုဟာက လိုအပ်တဲ့ အထောက်အပံ့ အကူအညီပေးမယ်၊ တဘက်က ပညတ်ထားတာလဲ ရုပ်သိမ်းတာ မဟုတ်ဘူး၊ စကားပြောမယ်၊ နည်းလမ်းနဲ့ ဆွဲဆောင်ကြည့်တာပဲ၊ ဒီမိုကရေစီလမ်းစဉ်လိုက်လာအောင် နည်းတမျိုးနဲ့စမ်းတဲ့သဘောပါ၊ မြန်မာ အစိုးရကတော့ လုပ်ချင်ရာလုပ်မှာပဲ၊ ၂ ဘက်စလုံးက သူ့အမြင်နဲ့သူ ပြန်ဆက်ဆံတယ်လို့ပဲ မြင်ပါတယ်၊ အခြေခံ ဥပဒအရ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါမှာပေါ့ အဲဒါကို အမေရိကန်က ဘယ်လိုပြောမလဲဆိုတာပဲ နားထောင်ရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က လူ့အခွင့် အရေး ချိုးဖောက်မှုများကို မရပ်တန့်သရွေ့ အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာပြည်အပေါ် အရေးယူ ပိတ်ဆို့မှု များကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သင့်သည် ဟု ပြောကြောင်း အေအက်ဖ်ပီ သတင်းတရပ်တွင် ဖော်ပြ ထားသည်။

အာဆီယံ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အတွက် မြန်မာစစ်အစိုးရထံသို့ တောင်းဆိုသည့် စာတစောင်ကို ပေးပို့ရန် စီစဉ်ထားသော်လည်း အမေရိကန် အစိုးရ၏ ပြောင်းလဲလိုက်သော မူဝါဒအရ ယင်းစာကို ပေးပို့ရန် မလိုတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ်းက ပြောသည်။

Read More...

တောင်န၀င်းဆည်ရေဖောက်ချသဖြင့် ရွားသား(၃၅၀)ခန့်အခက်တွေ့

တောင်နဝင်းဆည် ရေဖောက်ချသဖြင့် ဆည်အနီး ဝန်းကျင်ဖြစ်သည့် ပဲခူးတိုင်း ပြည်မြို့နယ် ကျေးရွာ ၅ ရွာမှ လူနေအိမ်များ ရေမြုပ်ကုန်သဖြင့် လူပေါင်း ၃၅၀ခန့် နေရပ်ကို စွန့်ခွာခဲ့ကြသည်။

ယမန်နေ့ နံနက် ၂နာရီ ခန့်မှ စတင်ကာ ဆည်အာဏာပိုင်များက ရေနုတ်မြောင်းများမှ ရေဖောက်လွှတ် သဖြင့် ဇီးအုပ်ကျေးရွာ အုပ်စုဝင် ဇီးအုပ်နှင့် နတ်တလင်း အပါအဝင် ကျေးရွာ ၅ ရွာ သို့ ရေများဝင်ရောက် လာသောကြောင့် ရွာသား ၃၅၀ ခန့်သည် ဇီးအုပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံ နေရခြင်းဖြစ်သည်ဟု ဒေသခံတဦး က ယခုလိုပြောသည် ။

̏တောင်နဝင်းဆည်ရေဖောက်ချတာ ။ ဒီဘက်မှာ ခုတလော မိုးအရမ်းရွာတယ်။ တပတ်မှာ ၅ရက်လောက် ရွာတော့ ဆည်ရေ ပြည့်လာလို့ ဖောက်ချတာပဲ ဖြစ်မယ်။ ဆည်အနီးနားက ရွာ ၅ ရွာလောက်တော့ ရေမြုပ်တယ်။ လူတွေက ဘုန်းကြီးကျောင်းမှာ ခုနေကြရတယ်လေ↔

နေအိမ် ၂၀၀ ခန့်သာမက လယ်မြေတချို့ပါ ရေမြုပ်ခရံပြီး၊ ပြည်မြို့ အထွက် အောင်လံမြို့ သွားရာကားလမ်း နှင့် ဝက်ထီးကန်မြို့ သို့ သွားရာလမ်းများ ရေလွှမ်း သွားသော်လည်း ပြည်-မန္တလေး၊ ပြည်-ဝက်ထီးကန ခရီးစဉ်များ ရပ်နားခြင်းတော့ မရှိပါ။

ဧရာဝတီ မြစ်ရေတက် သဖြင့် နှစ်စဉ်ဆိုသလို ပြည်မြို့တောင်ဘက် နဝင်း ကွက်သစ် နှင့် ချောင်းနား တန်းရွာ များ ရေမြုပ်လေ့ ရှိသော်လည်း ယခုကဲ့သို့ မြို့အရှေ့ တောင်ဘက်ရှိ မြစ်နှင့်ဝေးသော ကျေးရွာများ ရေလွှမ်းခံရခြင်းမှာ ပထမဆုံး ဖြစ်သည်။

ရေဘေးဒုက္ခသည် များအတွက် ဒေသခံအာဏာ ပိုင်များက ပြည်မြို့ ရပ်ကွက် ၇ ခုမှ ထမင်းထုတ်များ လိုက်လံ ၍ အလှုခံလျှက်ရှိသည်။

ပြည်မြို့ ရှိ ခေတ္တရာလူငယ် သာရေးနာရေး ကူညီမှု အသင်းနှင့် မြို့ခံ ဆွမ်းလောင်းအသင်း များကလည်း ဒုက္ခသည်များ အတွက် အစားအသောက်များ ကူညီနေကြသည်။ နဝင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးက ယခုလိုပြောသည်။

̏မယက(မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) တွေက လော်စပီကာနဲ့ လိုက်အော်တယ်။ ထမင်းထုတ်တွေ ကူညီကြပါပေါ့နော်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး ။ ကိုယ့်စေသနာ အလျှောက်ပေါ့ ။ ကျမတို့လည်း ထည့်လိုက်ပါတယ် ↔

ခေတ္တရာလူငယ်အသင်းက တာဝန်ရှိသူတဦးကလဲ ̏ကျနော်တို့လည်းတတ်နိုင်သလောက်ပေါ့နော် ။ ရွာဘဲ ရပ်ကွက်က ဗုဒ္ဓဟူး ဆွမ်းလောင်းအသင်းနဲ့ ပေါင်းပြီး ဒီနေ့မနက်ပဲ ငါးခြောက်နဲ ထမင်းကြော် သွားလှုခဲ့ပါတယ် ။ အခုလဲ ကိုယ်တိုင်ချက်စားမယ် ဆိုလို့ ဆန်နဲ့ဆီတွေ သွားလှုနေပါတယ်↔ ဟုပြောသည်။

ပြည်မြို့မှာ ပဲခူးတိုင်းအနောက်ပိုင်း တိုင်းတွင်တည်ရှိပြီး စီးပွားရေးအချက်အချာကျသည့် မြို့တမြို့ ဖြစ်ပြီး အနီးအနားတွင် ရွှေတောင်၊အောင်လံ၊ဆင်တဲ၊ဥသျှစ်ပင်၊ပေါင်းတည်နှင့် ဝက်ထီးကန်မြို့များ တည်ရှိသည်။
နောင်နောင်

Read More...

Monday, September 28, 2009

Ketsana မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူ ၅၁ ဦးသေဆုံး

Ondoy Ketsanaမနီလာ (စက်တင်ဘာ ၂၆) - ဖိလစ်ပိုင်နိုင်ငံတွင် စနေနေ့က တိုက်ခတ်သွားခဲ့သော Ondoy ခေါ် Ketsana အပူပိုင်း မုန်တိုင်းကြောင့် အနည်းဆုံး ၅၁ ဦးခန့် သေဆုံးပြီး လူ ၂ သိန်းခွဲကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သိရသည်။

Ketsana မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်လေးဆယ်ခန့်အတွင်း အသည်းထန်ဆုံးမိုးအဖြစ် မြို့တော်မနီလာနှင့် ပတ်ဝန်းကျင်တွင် ကိုးနာရီကြာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မြို့တော်၏ ၈၀% ခန့်ကို ရေများဖုံးလွှမ်းသွားခဲ့သည်။ တချို့ နေရာများတွင် ပေ ၂၀ ခန့်အမြင့်အထိ ရေကြီးသွားခဲ့သဖြင့် မိသားစုဝင်များမှာ အိမ်ခေါင်မိုးများပေါ်တွင် တက်ရောက်နေခဲ့ကြရသည်။ အဝေးပြေးလမ်းမများတွင်လည်း မြစ်ချောင်းများသဖွယ် ရေများစီးဆင်းနေပြီး မော်တော်ယာဉ်အချို့လည်း မျောပါနေသည်ကို သတင်းရုပ်မြင်သံကြားများမှ တဆင့် တွေ့ရသည်။ ဖိလစ်ပိုင် အစိုးရက အရေးအပေါ်အခြေအနေ ကြေညာထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။ မနီလာမြို့တွင် နေထိုင်သူ မြို့ခံ ၁၂ သန်းခန့်ရှိသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသည့် ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် Gilberto Teodoro က အနည်းဆုံး လူ ၅၁ ဦးခန့် သေဆုံးခဲ့ရပြီး ၂၁ ဦးခန့် ပျောက်ဆုံးနေသေးကြောင်း အတည်ပြုပြောကြားခဲ့သည်။ ရဟတ်ယာဉ်များ၊ ကယ်ဆယ်ရေး လှေများဖြင့် အသက်မသေဘဲ ဒုက္ခရောက်နေသူများကို အမြန်ဆုံးကယ်ဆယ်လျက်ရှိရာ အနည်းဆုံး လူ ၄၀၀၀ ကျော်ကို ကယ်တင်ခဲ့ပြီးဖြစ်သည်။

နောင်နောင်

Read More...

ရခိုင်ရိုးမမှာ ရှားပါးလိပ် တွေ့ရှိ


မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် တောတောင်ထဲမှာ ကမ္ဘာ့ရှားပါး လိပ်မျိုးစိတ်ကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အခွံ အညိုရောင် ရှားပါးလိပ်မျိုးစိတ် ၅ ကောင်ကို နယူးယောက် အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က သိပ္ပံပညာရှင် အုပ်စုတစုက ရခိုင်ရိုးမထဲက ဘေးမဲ့တောအုပ်ထဲမှာ စူးစမ်း သုတေသန လုပ်နေစဉ်မှာ တွေ့ရှိခဲ့ကြပါတယ်။

၁၀ လက်မနီးပါးရှိတဲ့ ရှားပါးလိပ်တွေကို ရခိုင်ရိုးမ တောတွေထဲမှာ မေလက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိပ်မျိုးစိတ်ကို ၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းက တရုတ် အစားအသောက်ဈေးတခုမှာ ရောင်းချနေတာ မတွေ့ရခင်အထိ ဒီလိပ်မျိုး တုံးသွားပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက ထင်ခဲ့ကြတာပါ။

တောရိုင်းတိရစ္ဆာန်တွေကို တရားမ၀င် ဖမ်းဆီးရောင်းချမှုတွေကြောင့် အာရှလိပ်မျိုးစိတ် အတော်များများဟာ မျိုးတုံးကုန်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
နောင်နောင်

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By