" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Thursday, April 9, 2009

ပြည်တွင်းမှ ရှေ့နေတဦး ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာ

မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ် ရှားဆောင်ရွက်နေကြသည့် ဖမ်းဆီးခံနိုင်ငံ ရေး လှုပ်ရှားသူများအား ရှေ့နေအဖြစ် အခ မဲ့ လိုက်ပါကူညီဆောင်ရွက်ပေးနေသော အကျိုးဆောင်ရှေ့နေ စောကျော်ကျော်မင်း အား စစ်အစိုးရက မတရားဖမ်းဆီးချုပ်နှောင် ရန်ကြိုးစားသောကြောင့် ထိုင်းမြန်မာ နယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲသည့် ကိစ္စ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထိုင်း မြန်မာ နယ်စပ်တနေရာတွင် ပြုလုပ်ခဲ့ပါ သည်။

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် လှိုင်သာ ယာ တရားရုံးက တရားစီရင်ရေးကို နှောင့် နှေးအောင်ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် စောကျော်ကျော်မင်းအား ပြစ်မှုဆိုင်ရာအက် ဥပဒေပုဒ်မ ၂၂၈ ဖြင့် မျက်ကွယ်ထောင်ဒဏ် ၆ လချမှတ်ခဲ့သည်ဟု သတင်းထောက်များ ကို စောကျော်ကျော်မင်းက ပြောကြားပါ သည်။ ထိုစွဲချက်အား တရားရင်ဆိုင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်သို့ တရားရုံးမှ ပြန်လည်ချိန်းဆိုခဲ့ရာတွင် ၄င်းနေ့မရောက်ခင် အောက်တိုဘာလ ၂၉ ရက်တွင် ဖမ်းဆီးချုပ် နှောင်ရန်ကြိုးစားသောကြောင့် ထိုင်းမြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း ၄င်းကပြောပါသည်။ဆက်လက်ပြီး မြန်မာနိုင်ငံတရားစီရင်ရေး မဏ္ဍိုင်သည် တရားမျှတမှုမရှိဘဲ လုံးဝ ပျက် စီးယိုယွင်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့အတွက်ကြောင့် တရားမျှတသော တရားစီရေးအာဏာ မြန်မာနိုင်ငံတွင် ပေါ် ပေါက်လာသည်အထိ ဆက်လက်ကြိုးစား လုပ်ကိုင်သွားမည်ဟု ရှေ့နေ စောကျော် ကျော်မင်းမှပြောကြားခဲ့ပြီး သတင်းစာ ရှင်း လင်းပွဲကို ရုပ်သိမ်းခဲ့ပါသည်။

စောကျော်ကျော်မင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် တဦး ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားနေသူများ၏ အမှု များကို လိုက်ပါဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါသည် (ဗညား)<

Read More...

စက်ရုံမှအလုပ်သမားများ(၃)လနီးပါးခန့်အလုပ်ရပ်ဆိုင်းခံနေရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ KBCMouterPieceKitting စက်ရုံမှ အလုပ်သမားများ (၃)လနီးပါးခန့် အလုပ် ရပ်ဆိုင်းခံနေရကြောင်း သိရပါသည်။ ထိုKBCစက်ရုံမှလိုင်းဆရာတစ်ဦးက လောလောဆယ်မှာ အလုပ်သမား(၃၀၀)ခန့်ဟာ အလုပ်မရှိတဲ့အတွက် နားနေရပြီး စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်။

အခုလတ်တလော အခြေနေမှာ တချို့အလုပ်သမား တွေဟာ ကျနော်တို့ စက်ရှံဘေးနားရှိ ကတ်ဖီဘန်းရွာထဲရှိ ကြက်သွန်ဒိုင် တွေမှာ တနေ့ကို (၆၀)ဘက်ကနေ(၈၀)ဘတ်ရတဲ့ နေရာတွေမှာ ကြက်သွန်ညှပ် ကြက်သွန် စည်းတဲ့ အလုပ်တွေကို နေ့စား (တနေ့ရှင်း) အလုပ်တွေကို လုပ်နေရပါတယ်ဟု ပြောကြားသွားပါသည်။ စက်ရုံအတွင်းမှ အလုပ်သမား တစ်ဦးကလည်း ကျနော်တို့ ယခုလို အလုပ်နားနေရတဲ့အတွက် ပိုက်ဆံကလဲမရှိ၊ ဈေးဆိုင် တွေကိုလည်း အကြွေးဟောင်းကို မပေးနိုင်တော့ ကျနော်တို့ကို ဈေးမရောင်းတော့ဘူး အဲဒါကြောင့် ကျနော်တို့အတွက် ဟင်းဖိုး အခက်ခဲဖြစ်နေရတယ်။ အလုပ်ထွက်ရှာဖို့ဆိုတော့လဲ လက်မှတ်ကလဲ မရှိလို့ အပြင်ထွက်ရင် ပုလိပ်ဖမ်းမှာလဲ ကြောက်ရ၊ လက်မှတ်ရှိတဲ့သူတွေက အလုပ်ရပြန်တော့လည်း အလုပ်ရှင်ကလွဲပြောင်း
စာမပေးတော့ တခြားစက်ရုံ အလုပ်ရှင်တွေကလက်ခံဖိအခက်ခဲဖြစ်နေပြီး၊ ကြက်သွန်သွား ညှပ်ပြန်ရင်လည်း မနက်(၄)နာရီလောက်က ထသွားရပြီး ကြက်သွန်ကားပေါ်က ကြက်သွန်တွေကို သူ့ထက်ငါ လုယက်ပြီး ညှပ်ရ၊ အလုပ်အဆင်မပြေတဲ့နေ့ဆို
(၃၀)ဘတ် လောက်ပဲရတယ် မြန်မာပြည်ပြန်ဖို့လဲ လမ်းစရိတ်ကလည်း မရှိ၊ လမ်းစရိတ်လောက် ရှိတဲ့သူအဖို့အတွက် အိမ်ပြန်ရောက်ရင် လုပ်စရာ အလုပ်ကလဲ မရှိဟု ပြောသွားပါသည်။

၁၆၊ ၂၊ ၂၀၀၉ ရက်နေ့တွင် ယခုလက်ရှိ အလုပ်လုပ်နေသော အလုပ်သမားသည် ယခုမိမိတို့ ရင်ဆိုင်နေရသော အခက်ခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အလုပ်ရှင်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အလုပ်သမားများသည် အလုပ်ရှင်အား နားနေရသည်မှာ ရက်များစွာကြာပြီ ဖြစ်ကြောင်းမည်သည့်နေ့ရက်တွင် အလုပ်ပြန်လည်လုပ်ရမည်ကို မေးသောအခါ အလုပ်ရှင် ကရက်ချိန်းကို တိတိကျကျပြောခဲ့နိုင်ဘူးဟု သိရှိရပါသည်။ ယခင်နှစ် ၁ လပိုင်းမှ ၁၁ ပိုင်းအထိ ထို KBC စက်ရုံတွင် အထည်ချုပ်နှင့် သိုးမွှေး(၂)ရုံပေါင်း လူဦးရေ(၅၀၀)ကျော် လက်မှတ်ရှိသူ (၄၀)ဦးခန့်ရှိပြီး အလုပ်နားရက်မရှိ အလုပ်ဆင်း ခဲ့ရသည်။ ယခုနှစ် (၁)လပိုင်းနှင့် (၂)လပိုင်းအတွင်း အလုပ်သမားဦးရေ(၂၀၀)လျှော့ ကျသွားပြီး လက်မှတ်ရှိသူ(၃၀)ဦးခန့်သာ ကျန်တော့သည်။ အထည်ချုပ် အလုပ်သမား အယောက်(၄၀)ကျော် အနည်းငယ်သာ အလုပ်ဆင်းနေရပြီး စက်ဆွဲထိုင်စက် ချိတ်ကောက်
ဆွဲနှင့်လိုင်း ဆရာဆရာမများ အလုပ်နားနေရသည်ဟုသိရှိရပါသည်။

နီနီမေဒေး

Read More...

ဘန်ကောက်တွင်မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွေးလှူဒါန်း (အပြည့်အစုံသို့)

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ နှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် နိုင်ငံတကာ ရွှေ့ ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ် အဖြစ် သွေးလှူဒါန်းခဲ့ကြသည်။

ရွှေ့ပြောင်း အလုပ်သမားများ ၅၀ ကျော် ဘန်ကောက်မြို့ လုံဘနီပန်းခြံအနီးရှိ အမျိုးသား သွေးလှူ ဘဏ်တွင်၁၄.၁၂.၂၀၀၈တွင် သွားလှူဒါန်းခဲ့ကြသည် သွေးလှူဒါန်းပွဲတွင် ပါဝင်ခဲ့သူ ၁၉ နှစ် အရွယ် မြန်မာရွှေ့ပြောင်း အလုပ်သမား တဦးဖြစ်သူ မထက်ထက်က “ကျွန်မတို့ နံ နက် ၉း၀၀ လောက် ကျွန်မတို့ စက်ရုံအနီးမှာ လူစုကြတယ်၊ ရောင်ခြည်ဦး အလုပ်သမား များအဖွဲ့က ဒီနေ့ သွေးလှူဒါန်းပွဲ ရှိတယ်တဲ့ ကျွန်မသူငယ်သူငယ်ချင်း ကပြောတာနဲ့သူတို့နဲ့ အတူသွေးလှူဖြစ်တယ်လေ ကျွန်မဘ၀မှာ ပထမဆုံးအကြိမ်ပါပဲ မြန်မာပြည် မှာထဲကလှူချင်တာကိုယ့်ရဲ့ ခန္ဓာကိုယ် သွေးသားကို လှူဒါန်းရတာ အရမ်းမွန်မြတ် တယ်ဆိုတာ ကျွန်မတို့ မြန်မာလူမျိုးတွေက ယုံကြည်တယ်လေ” ပြောပါသည်။

ကိုယ်တိုင်ပါဝင်သူကို စောအယ်ကောကလည်း ဒီလိုလှူဒါန်းရတာ အရမ်းပျော်ဖို့ကောင်းတယ်၊ နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ အထိမ်းအမတ်အနေနဲ့ ကျွန်တော်တို့ရဲ့သွေးသားတွေနဲ့ ထိုင်းနိုင်ငံ သားတွေ အတွက် သွေးလှူဒါန်းတယ် ထိုင်းလူမျိုးတွေကိုလဲ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားတယ်လေ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေယခုနေထိုင်နေတဲ့ နိုင်ငံအတွက် ပြန်လည်ဖြည့်ဆည်းတဲ့ သဘောလည်း ပါ ပါတယ်” ဟုပြောပါ သည်။

ဘန်ကောက်မြို့ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ မှတာဝန်ခံ ကိုမင်းမင်းကလည်း“၁၈.၁၂.၂၀၀၈ ခုနှစ်မှာ ကျရောက်မယ့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းခဲ့ကြတာပါ မိမိ ရောက်ရှိ နေတဲ့နိုင်ငံရဲ့ လူမှုပတ်ဝန်ကျင်းကိုလဲ အိမ်ရှင် နိုင်ငံသားများထပ်တူမြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ကကောင်းကျိုးပြုတယ်ဆိုတာရယ် ဒီလို မြန်မာအလုပ်သမားတွေအနေနဲ့ စုစုစည်း စည်း အမြဲရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ် ဖြစ်တာပါ ဘန်ကောက်မြို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ စတÄုတအကြိမ် မြောက် သွေးလှူတန်းပွဲပါ ကျွန်တော်တို့တွေ က သွေးလှူဒါန်းမယ့်သူတွေကို ကားတွေနဲ့အကြို အပို့လုပ်ပေးတယ်။ သွားကြတာတော့အလုပ်သမား၅၀ကျော် လောက်ရှိတယ် အယောက်၄၀နီးပါးသွေးလှူဒါန်းခွင့်ရခဲ့ ပါတယ်တချို့ ကအားနည်းတာနဲ့ မနေ့ကညကအလုပ်လုပ်တာ ညည့်နက်တာနဲ့၊ ကိုယ်ဝန်သည်တွေလဲပါတယ် အားလုံးကတက်တက် ကြွကြွပဲနောက် နှစ်တွေတောင်အမြဲဆက်လှူဖြစ်မယ်တဲ့”ဟုသူကဆိုပါသည် ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့သည်အလုပ်သမား များ၏နစ်နာကြေးများ ပြန်လည်ရရှိစေရန်နှင့် အလုပ်သမားအခွင့်အရေးများ ရရှိစေရန် လိုက်လံဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

လုလင်အင်း

Read More...



နိုင်ငံတကာ ရွှေ့ပြောင်းအလုပ် သမား များနေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ ရောင်ခြည် ဦးရုံးတွင် ၂၁.၁၂.၂၀၀၈ နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ခန့်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီမှ အထွေထွေအတွင်းရေး မှူး ဦးငွေလင်းက နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ဖြစ်ပေါ်လာပုံကို ရှင်း လင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မပ် ဖောင်ဒေးရှင်းမဲဆောက်တာဝန်ခံ ကိုအေး မှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများနှင့် နောက်ဆက်တွဲ ပြဿနာ များအကြောင်း၊အလုပ်သမားမှတ်ပုံတင် ကိစ္စများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက်ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့မှ ခေတ္တ ရုံးတာဝန်ခံ ကိုထွေးနိုင်က နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အချင်းချင်းစည်းလုံး ညီ ညွတ်ရန် ရည်ရွယ်ပြီး ဂိမ်းကစားခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့မှ ကိုကျော်ဇင်က ကျေးဇူးတင် စကားကိုပြောကြားခဲ့ပြီး တက်ရောက်လာသူ များကို အကျွေးအမွေးဖြင့် ဧည့်ခံကာ အခမ်း အနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By