" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Thursday, April 9, 2009



နိုင်ငံတကာ ရွှေ့ပြောင်းအလုပ် သမား များနေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ ရောင်ခြည် ဦးရုံးတွင် ၂၁.၁၂.၂၀၀၈ နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ခန့်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီမှ အထွေထွေအတွင်းရေး မှူး ဦးငွေလင်းက နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ဖြစ်ပေါ်လာပုံကို ရှင်း လင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မပ် ဖောင်ဒေးရှင်းမဲဆောက်တာဝန်ခံ ကိုအေး မှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများနှင့် နောက်ဆက်တွဲ ပြဿနာ များအကြောင်း၊အလုပ်သမားမှတ်ပုံတင် ကိစ္စများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက်ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့မှ ခေတ္တ ရုံးတာဝန်ခံ ကိုထွေးနိုင်က နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အချင်းချင်းစည်းလုံး ညီ ညွတ်ရန် ရည်ရွယ်ပြီး ဂိမ်းကစားခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့မှ ကိုကျော်ဇင်က ကျေးဇူးတင် စကားကိုပြောကြားခဲ့ပြီး တက်ရောက်လာသူ များကို အကျွေးအမွေးဖြင့် ဧည့်ခံကာ အခမ်း အနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By