၁၂၀ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားကျင်းပ
၁၊၅၊၂၀၁၀
ထိုင်းမြန်မာနယ်စပ်
မဲဆောက်မြို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးတွင်၁၂၀ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။
ယနေ့ကျရောက်သည့် အကြိမ်၁၂၀မြောက်ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့)အထိမ်းအမှတ်ပြုလုပ်သောအခမ်းအနားတွင်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့(YCOWA)နှင့်အတူDPNS၊ FED၊ MAP၊OIA၊ BWU၊ ALC၊ PKGWA၊ IRC၊ IOM၊အဖွဲ့ပါဝင်(၁၀)ဖွဲ့စုပေါင်းကျင်းပခဲ့ကြောင်းရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမျိုးဇော်ကပြောသည်။
ယနေ့ကျရောက်သည့် အကြိမ် ၁၂၀ မြောက်ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အထိမ်းအမှတ်ပြုလုပ်သော အခမ်းအနားများမှ အလုပ်သမား ရပိုင်ခွင့်များနှင့်ပတ်သက်ပြီးလေ့လာခွင့်ရခဲ့သလို ဥာဏ်စမ်းပဟေဌိအစီးအစဉ် များ ရခိုင်ရိုးရာအကများအပြင် အကျွေးအမွေးများဖြင့်ဧည့်ခံခြင်းကြောင်းအလွန်ပျော်ရွှင်ရပါသည် ဟုထိုင်းနိုင် ငံရောက်မြန်မာအလုပ်သမားများက ပြောသည်။
ထိုင်းမြန်မာနယ်စပ်
မဲဆောက်မြို့ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးတွင်ကျင်းပသော မေဒေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အထည်ချုပ် အလုပ်သမား တဦးက’’ကျမတို့ စက်ရုံအများစုကအလုပ်သမားတွေတက်တယ်၊ ဒီပွဲမှာ ကျမတို့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အကြောင်းကို ပိုသိလာရတယ်၊ နောက်ပြီးမြန်မာအလုပ်သမားထု တရလုံးလည်းမတရား အခိုင်းခံနေရတာ၊မတန်တဆလုပ်အားခတွေခံစားနေရတာတွေ၊ရပိုင်ခွင့်တွေအခိုးခံရတာတွေကိုပိုမိုနားလည်လာစေ တယ်” ဟု ပြောသည်။
ယနေ့ ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ရှိ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ဦးဆောင်မှုဖြင့်လည်း မြန်မာအလုပ်သမား ၅၀ တို့ သွေးလှူဒါန်းခဲ့ကြသေးသည်။
မေဒေးနေ့ အထိမ်းအမှတ် သွေးလှူသည့် ဘန်ကောက်ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ဘန်ကောက်မြို့အနီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည့် မဟာချိုင်တွင်လည်း မေဒေးနေ့ အထိမ်းအမှတ်ကို မြန်မာ သင်္ဘောသား အသင်း ဖြစ်သည့် ပင်လယ်ပျော်များသမဂ ကထိုင်း အလုပ်သမားအခွင့်အရေးမြှင့်တင်ရေး အဖွဲ့နှင့်ပူးတွဲ၍ ဟောပြောပွဲများ၊ ပျော်ပွဲရှင်ပွဲများဖြင့် ကျင်းပခဲ့ကြသည်။
ယခုကျင်းပသောအလုပ်သမားနေ့အခမ်းအနားသည် ကမ္ဘာ့အလုပ်သမားနေ့’’မေဒေး နေ့အဖြစ် ၁၈၈၉ ခုနှစ်ကပြင်သစ်နိုင်ငံ ပဲရစ်မြို့ တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များ ဒုတိယ အကြိမ် ညီလာခံမှ မေလ ၁ ရက်နေ့ကို သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုနေ့တွင် ကမ္ဘာတာဝန်ရှိအလုပ်သမားများက အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကိုတောင်းဆိုဆန္ဒပြပွဲများပြုလုပ်ကြသည်။

0 comments:
Post a Comment