မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဝီစိတွင်းများ ရေဆုတ်ကာ စုပ်ယူမရဖြစ်နေသည့်အပြင် မီးမလာ၍ ရေပိုက်များမှလည်း ရေလုံးဝ မလာတော့သဖြင့် ရေ၀ယ်သုံးနေရကြောင်း မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ကျနော်တို့အနားက ငွေမိုး ဟိုတယ်က တူးထားတဲ့ အဝီစိတွင်းဆို ရေမထွက်တော့ဘူး။ အနီးနားက အဝီစိတွင်း အတော်များများလည်း ရေတွေ ခန်းတယ်။ တချို့ ငွေရှိသူတွေကတော့ ဆက်ပြီး တူးကြတယ်။ မြေနိမ့်ပိုင်း ရေထွက်နေသေးတဲ့ အဝီစိတွင်းကနေ လှည်းနဲ့တွန်းပြီး ရောင်းတာကို လူတွေက ဝယ်သုံးရတယ်။ ရေတစည်ကို ကျပ် (၈ဝဝ) ကနေ ကျပ် (၁,ဝဝဝ) အထိ ပေးရတယ်” ဟု ပြောသည်။
အောက်လမ်းမကြီးတွင် နေထိုင်သူတဦးကလည်း မော်လမြိုင်မြို့တွင် မီးလုံးဝ မလာသဖြင့် တောင်ဝိုင်း ကင်မွန်းခြုံရေကန်မှ သွယ်တန်းထားသည့် ပိုက်မှ ရေမလာသည်မှာ ကြာပြီဖြစ်ပြီး ရေသယ်ရောင်းသည့်ကားများမှ ရေဝယ်ရကြောင်း ပြောသည်။
၎င်းက “ရေကားတစီးကို ကျပ် (၁၃,ဝဝဝ) ပေးရတယ်။ ရေကားတကြိမ်ရဖို့ (၃) ရက်လောက် ကြိုတင်ပြောရတယ်။ မိသားစုတစု ချွေချွေတာတာ သုံးရင် (၁ဝ) ရက်လောက်တော့ သုံးနိုင်တယ်။ သောက်ရေ သုံးရေအတွက် ငွေသုံးရတဲ့ ပမာဏ ပိုများလာနေတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့သည် ပြီးခဲ့သည့် (၃-၄) လခန့်ကတည်းက လျှပ်စစ်မီးမရသလောက် ဖြစ်နေပြီး တကြိမ်ပျက်ပါက (၁၃) ရက်မှ (၁၅) ရက်ခန့်အထိ ကြာမြင့်ကြောင်း၊ တခါတရံ ညသန်းခေါင်အချိန် မီးလာပါကလည်း (၁၅) မိနစ်ပင် မကြာဘဲ လာလိုက် ပျက်လိုက် အကြိမ်ကြိမ်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
မော်လမြိုင် စည်ပင်သာယာကမူ မီးဆိုးဆိုးရွားရွား ပျက်နေသဖြင့် ရေပိုက်ထဲကို ရေမတွန်းပေးနိုင်၍ ရေမရခြင်းဖြစ်သည်ဟုသာ ပြောဆိုပြီး ရေအခက်အခဲကို သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းမပေးသဖြင့် ပြည်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်မှ ရပ်ကွက်အများစုသည် ရပ်ကွက်အလိုက် တူးထားသည့် ရေတွင်းရေကန်များနှင့် အဝီစိတွင်းရေတို့မှတဆင့် ရေကို အဓိကထား သုံးစွဲကြရခြင်းဖြစ်သည်။
အလားတူ ဒလမြို့တွင်လည်း နွေရာသီအပူရှိန်ကြောင့် သောက်သုံးရေကန်များ ရေခန်းခြောက်လျက်ရှိပြီး ဒေသခံများ သောက်သုံးရေ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ဒလမြို့ရှိ အောင်မင်္ဂလာဈေးကန်တွင် ယခင်က တနေ့နှစ်ကြိမ် သောက်သုံးရေ ခပ်ခွင့်ပြုထားသော်လည်း ယခု တနေ့တကြိမ်သာ ခပ်ခွင့်ပေးကြောင်း အဆိုပါ ရပ်ကွက်နေသူတို့က ပြောသည်။
“ကန်ညီနောင် ကန်ရေလည်း ခန်းသွားပြီ။ ကန်တွေက နှစ်စဉ် မဖော်တော့ မြေသားတွေတက်ပြီး ကန်တချို့ ပျက်စီးကုန်တယ်။ တမြို့လုံးဆို ကန်ပျက် (၁၀) ခု အနည်းဆုံးရှိမယ်” ဟု ဗိုလ်ရန်ပြေရပ်ကွက်သားတဦးက ပြောသည်။
ဒလမြို့သည် အ၀ီစိတွင်း တူးဖော်၍ရသော်လည်း သံချေးဓာတ်ရှိသည့်အပြင် အငန်ဓာတ်ပါဝင်နေခြင်းကြောင့် သောက်သုံးရန် မသင့်ကြောင်း၊ ဒလမြို့ စည်ပင်သာယာရုံးသို့ ငွေ (၂) သိန်းခန့် ပေးသွင်းမှ ပိုက်သွယ်ပေးဝေသည့် ရေသည်လည်း ချိုးရေ အဖြစ်သာ အသုံးပြု၍ရကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ဒလမြို့လူထုသည် သောက်သုံးရေအတွက် ကန်ရေကိုသာ အားပြုသုံးစွဲနေရခြင်းဖြစ်သည်။
လောလောဆယ်တွင် ဒလမြို့ရှိ AMI လူမှုအဖွဲ့အစည်းက မြို့လူထု၏ သောက်သုံးရေအခက်အခဲအတွက် ရေကန်သစ်ဖော်၊ အဟောင်းများပြုပြင်ကာ သောက်ရေကန်များကို လက်ဆွဲတုံကင်တပ်ဆင်ပေးထားပြီး ရေကို လူတယောက်တပုံးနှုန်း အလှည့်ကျစနစ်ဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း ဘုရင့်နောင်ရပ်ကွက်သားတို့က ပြောသည်။
Blog Archive
-
►
2010
(58)
- ► 11/14 - 11/21 (2)
- ► 11/07 - 11/14 (12)
- ► 05/09 - 05/16 (2)
- ► 04/11 - 04/18 (2)
- ► 04/04 - 04/11 (3)
- ► 03/07 - 03/14 (5)
- ► 02/21 - 02/28 (3)
- ► 02/14 - 02/21 (5)
- ► 02/07 - 02/14 (3)
- ► 01/31 - 02/07 (1)
- ► 01/24 - 01/31 (5)
- ► 01/17 - 01/24 (5)
- ► 01/10 - 01/17 (2)
- ► 01/03 - 01/10 (8)
-
►
2009
(49)
- ► 12/27 - 01/03 (4)
- ► 12/20 - 12/27 (2)
- ► 12/06 - 12/13 (7)
- ► 11/29 - 12/06 (5)
- ► 11/22 - 11/29 (4)
- ► 11/15 - 11/22 (2)
- ► 10/25 - 11/01 (2)
- ► 09/27 - 10/04 (4)
- ► 09/20 - 09/27 (1)
- ► 09/13 - 09/20 (1)
- ► 09/06 - 09/13 (4)
- ► 08/30 - 09/06 (3)
- ► 08/09 - 08/16 (3)
- ► 05/03 - 05/10 (2)
- ► 04/26 - 05/03 (1)
- ► 04/05 - 04/12 (4)
Tuesday, April 13, 2010
မော်လမြိုင်နှင့် ဒလမြို့တို့တွင် ရေအခက်အခဲ ကြီးမား
မဲဆောက်တွင် သင်္ကြန်သံချပ် ပြိုင်ပွဲပြုလုပ်မည်
နယ်စပ်အခြေစိုက် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ ၏ စစ်ဆင်ရေးမှူးတဦးဖြစ်သည့် ကိုစိန်ဟန်က “အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေထဲက နည်းပေါင်းစုံ လူထုပါဝင်ပူးပေါင်းရေးအတွက် ဒီသံချပ်ပြိုင်ပွဲကို ပြုလုပ်ပေးတာပါ။ ဒီမှာရှိနေကြတဲ့ မြန်မာတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားထုတွေကနေတဆင့် ပြည်တွင်းမှာရှိတဲ့လူတွေ နိုင်ငံရေးအရ နိုးကြားပြီး လူထုတိုက်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဒီအစီအစဉ်ကို ကျင်းပတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယခုပြိုင်ပွဲသည် နအဖ၏လုပ်ရပ်များကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားရန် ကော်မတီကချမှတ်ခဲ့သည့် “ဘူး” ဆန့်ကျင်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတခုဖြစ်သည်ဟုလည်း ကိုစိန်ဟန်က ပြောသည်။
သံချပ်တဖွဲ့လျှင် အမျိုးသား အမျိုးသမီး (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်မိနစ် (၃၀) ဖြစ်ကာ ယခုလ (၁၅-၁၆) ရက်နေ့တို့တွင် နံနက် (၁၀) နာရီမှ စတင်၍ မဲဆောက်မြို့ရှိ ဖျော်ဖြေရေးစင်မြင့်တွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အဖွဲ့များ လိုအပ်သည့် တူရိယာပစ္စည်းများနှင့် အသံပိုင်းဆိုင်ရာ စက်ပစ္စည်းများကို ပွဲကျင်းပရေးကော်မတီမှ စီစဉ်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ငွေသားဆုများအပြင် ဆုရအဖွဲ့ (၃) ဖွဲ့၏ တင်ဆက်မှုများကိုလည်း လေဆာဓာတ်ပြားများဖြင့် ပြည်တွင်းပြည်ပသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သား သံချပ်အဖွဲ့၏ခေါင်းဆောင် ဦးမိုးကြိုးက “ကျနော်တို့ မဲဆောက်မှာ သံချပ်ထိုးလာတာ (၅) နှစ်ရှိပြီ။ ပြည်တွင်းမှာက နအဖ တက်လာချိန်လောက်ကစပြီး သင်္ကြန်မှာ သံချပ်တွေ ပိတ်လိုက်တာ ကနေ့အထိပဲ။ ကျနော်တို့က ဒီလူ၊ ဒီခေတ်၊ ဒီစနစ်နဲ့ စနစ်ရဲ့သားကောင်တွေဖြစ်တဲ့ လူထုတွေရဲ့ဘ၀အမောတွေကို ဖော်ထုတ် ပြသချင်တာကြောင့် နှစ်စဉ် လုပ်ဖြစ်တာပါ” ဟု ပြောသည်။
မဲပအထည်ချုပ်စက်ရုံမှ လုပ်သားမောင် သံချပ်အဖွဲ့ခေါင်းဆောင် ကိုဖိုးကုလားက “ကျနော်တို့အဖွဲ့က အပျော်တမ်းအဖွဲ့ပဲ။ ဖိတ်တဲ့နေရာအကုန်သွားတယ်။ ပြောစရာရှိတာကို အမှန်အတိုင်း အကုန်ပြောပါတယ်။ ပြည်တွင်းကလူတွေ မကောင်းတာကို လုပ်ရင် ပြောသလို ဒီဘက်ကလူတွေ မဟုတ်တာလုပ်ရင်လည်း ပြောပါတယ်။ ဆုရတာ မရတာက အကြောင်းမဟုတ်ပါဘူး။ သံချပ်ထိုးခွင့်ရတာကိုပဲ ကျေးဇူးတင်တယ်” ဟု ပြောသည်။
သံချပ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အဖွဲ့များအနေဖြင့် ဖုန်းနံပတ် ၀၈၁-၂၈၄၁၄၁၈၊ ၀၈၄-၅၇၅၅၄၁၆၊ ၀၈၆-၉၃၄၇၄၅၉၊ ၀၈၆-၂၇၀၇၀၅၅ တို့ကို ဆက်သွယ်နိုင်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။
လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲအား တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီကို ယခုလ (၃) ရက်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လူထုတိုက်ပွဲကော်မတီ -၂၀၁၀ တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိသည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီကြေညာချက်တွင် ပါရှိသည်။
Saturday, April 10, 2010
မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ
အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကိုမင်းစောဦး ဆိုသူသည် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံဆီလန်ဂါရှိ ကလန်မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ ရှိ ရကြောင်း ယနေ့ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏
တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်
တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေး
ဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။
ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေးမှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီး
ထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။
ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။
စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့် နိုင်ငံတွင် များတွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များမှ ခေါင်းပုံဖြတ်မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိ
ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ထိုသို့ ဖြစ်ပွားခဲ့လျှင်လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။
Friday, April 9, 2010
သင်္ကြန်ရက် အလုပ်ခိုင်းလျှင် လုပ်ခ နှစ်ဆပေးရန်သတ်မှတ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အတာသင်္ကြန် ၄ ရက်အတွင်း အလုပ်သမားများအား ခိုင်းစေပါက လုပ်အားခ နှစ်ဆပေးရန် အလုပ်သမားဝန်ကြီးဌာနက ရန်ကုန်တိုင်းရှိ လုပ်ငန်းရှင်များကို ယခုတပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယခုလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ သင်္ကြန်ကာလအတွင်းဖြစ်ပြီး၊ ရုံးပိတ်ရက် ခံစားခွင့်ပေးရန်နှင့် အကယ်၍ ခိုင်းစေမည်ဆိုပါက မြို့နယ်အလုပ်သမားရုံးသို့ အကြောင်းကြားရန်ပါ ဝန်ကြီးဌာနက ညွှန်ကြားသည်။
“သင်္ကြန်တွင်းမှာ စက်ရုံတွေအကုန် အစိုးရရုံးပိတ်ရက်အတိုင်း ပိတ်ဖို့ ညွှန်ကြားထားတယ်။ ဒီကြားထဲမှာ ဖွင့်မယ်ဆိုရင် အလုပ်သမားရုံးကို ကြိုတင်အကြောင်းကြားရမယ်။ နောက် လုပ်ခ ၂ ဆ ပေးရမယ်” ဟု မြောက်ဒဂုံမြို့နယ် အလုပ်သမားရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ကြိုတင်အကြောင်းမကြားဘဲ လုပ်ငန်းလည်ပတ်ရင် အရေးယူဖို့တော့ ညွှန်ကြားထားတယ်။ ဘယ်လိုပုံစံနဲ့ အရေးယူမလဲတော့ မသိဘူး” ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ၁၉၅၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ယခုနှစ်အတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများနှင့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ အားလုံး အကျုံးဝင်မည်ဖြစ်သည်။
လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ရွှေပြည်သာ စက်မှုဇုန်များရှိ စက်ရုံအချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာ အစိုးရရုံးပိတ်ရက်အတိုင်း စက်ရုံပိတ်မည်ဟု ကြေညာထားပြီး ပိတ်ရက်များအတွက် လုပ်ခဖြတ်တောက်မှု မရှိကြောင်း ပြောဆိုကြသည်။
“ကျမတို့ စက်ရုံမှာ အစိုးရရုံးပိတ်ရက်အတိုင်း စက်ရုံပိတ်ဖို့ ကြေညာထားပြီးသွားပြီ။ လခလည်း မဖြတ်ပါဘူး။ လစာအပြည့်နဲ့ ခွင့်ရတယ်ဆိုတော့ ပျော်တာပေါ့” ဟု လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ဆေးဆိုးပန်းရိုက်စက်ရုံ ဝန်ထမ်းတဦးက ပြောသည်။
မြန်မာ့နှစ်ကူးသင်္ကြန်ကာလ အစိုးရ ရုံးပိတ်ရက်များမှာ ယခုလ ၁ဝ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖြစ်သည်။
“ဒီလို လုပ်ခ ၂ ပေးဖို့ ထုတ်ပြန်တာမျိုး အရင်က မကြားဖူးပါဘူး။ ဒါက ပထမဆုံးဖြစ်မယ်။ မနှစ်က သင်္ကြန်ကလည်း ဒါမျိုး မထုတ်ပြန်ဘူး” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
ယခုနှစ် နှစ်ဆန်းပိုင်းကာလအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ အလုပ်သမားဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့သဖြင့် အလုပ်သမားအခွင့်အရေး ဖော်ဆောင်ပေးခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွက် ယခုလို ညွှန်ကြားခဲ့သော်လည်း မန္တလေးမြို့ရှိ လုပ်ငန်းရှင်အချို့ကမူ မြို့နယ်အလုပ်သမားရုံးများက ယခုထက်တိုင် တစုံတရာ ညွှန်ကြားခြင်းမျိုး မရှိခဲ့ကြောင်း ပြောကြသည်။
“ကျနော်တို့ စက်ရုံကို ဘာညွှန်ကြားချက်မှ ရောက်လာတာ မရှိဘူး။ အစိုးရ ရုံးပိတ်ရက်အတိုင်းတော့ မပိတ်ပါဘူး။ သင်္ကြန် ၄ ရက်တော့ ပိတ်ပါတယ်။ အလုပ်လည်း မခိုင်းပါဘူး” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ ပဲခွဲစက်ပိုင်ရှင် တဦးက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း လုပ်အားခ တိုးမြှင့်ပေးရန်နှင့် အလုပ်ချိန် လျော့ချပေးရန် ရန်ကုန်တိုင်း ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ တောင်ဒဂုံ စက်မှုဇုန်များ၌ အလုပ်သမား ထောင်ပေါင်းများစွာ ပါဝင်သည့် အလုပ်သမား သပိတ်များ ၁ဝ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။