" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Friday, September 4, 2009

ဂါထာစွမ်းကြောင့် သေဘေးကလွတ်မြောက်လာသူ

၎.၈.၀၉ စက်တင်ဘာ ၂၀၀၉

ရေးမြို့နယ်အပိုင် လမိုင်းမြို့ အထွက် လူ(၁၃)ဦးတင်ဆောင်လာသော ကားတစ်စီးအရှိန် ပြင်းစွာတိမ်းမှောက်ရာ လူ(၂)ဦး သေ အခြားသူများ ဒဏ်ရာရ ခဲ့ရသည်။


လမိုင်းမြို့ အထွက် နံနက်(၅)ကျော် မိုးရွာနေပြီး မိုးရေကြောင့် လမ်းချော်နေပြီး အရှိန်ပြင်းစွာ မောင်းနှင်လာ သော ခရီးသည်တင် ဟိုင်းလတ်တစီးမှာ ရုတ်တရတ် ကားလမ်းကို ဖြတ်ကူးသောခွေးတကောင်ကို ရှောင်လိုက်ရာ အရှိန်မထိမ်းနိုင် တော့ဘဲ တိမ်းမှောက်သွားပြီး (၂) ပတ်(၃)ပတ် လိမ့်သွားခဲ့သည်။ လမ်းဘေးသို့ ထိုးကျသွားပြီး ကားမှာ ပြန်ထောင် သွားသည်။


ထိုသို့တိမ်းမှောက် သွားခြင်းကြောင့် ကားပေါ်ပါ ခရီးသည်(၂)ဦးသေဆုံး သွားပြီး အခြားသူများ ဒဏ်ရာ ရရှိခဲ့ သည်ဟု ခရီးသည် တဦးဖြစ်သူ ကိုပိုင်မြက် က ယခုလိုပြောခဲ့သည်။

င်္ံမိုးရွာထား လို့ လမ်းကချော်နေတယ် မောင်းလာတဲ့ အရှိန်က တော်တော်များတယ် ခွေးကိုရှောင်လိုက်တော့ အရှိန်မထိန်း
နိုင်ဘဲ လမ်းဘေးကိုနိမ့်ကျသွား ပြီးမှောက်သွားတာ ပုလင်းထဲ ဆီးဖြူသီး ထည့်ထားသလိုပဲ လူတွေ တယောက်ပေါ် တယောက် ရောက်လိုရောက် နဲ့ (၂)ပတ်လောက် လိမ့်ပြီးနောက်ပိုင်း သတိမရတော့ ဘူး ဗျာ ဆေးရုံပေါ် မှာ (၅) ရက်ကြာသတိမေ့ သွားတယ်ဗျာ သတိရတော့ ဆေးရုံပေါ်ရောက်နေမှန်းသိရတယ်လေ မေးကြည့်တော့ (၂)ယောက်သေ သွားတယ် ကျနော် က ဘာမှ မဖြစ်ဘူး ဒဏ်ရာ ရတာတော့ အားလုံး လိုလိုပါပဲ အိမ်က ထွက်လာထဲက ကျနော် စမ္မခဏ် ဂါထာ ရွက်လာကြောင့် ဘာမှ မဖြစ်တာပါ သေဘေးက လွတ်တာ ဒါနဲ့ဆို (၃)ခါ ရှိပြီဗျာ ဇလွန်ပြည်တော်ပြန် ဘုရား ဂါထာဖြစ်သော စမ္မခဏ် ဂါထာ ကို ယုံကြည် စွာရွက်ပွား မှုကြောင့် ပဲ မသေတာပါ”ဟု ပြောသွားသည်။


ကားပေါ်တွင် လိုက်ပါလာသူ ခရီးသည်ဖြစ်သူ ကိုပိုင်မြက် မှာ မဲဆောက်မြို့ ၌ သိုးမွှေးစက်ဆွဲ အလုပ်လုပ် ကိုင်နေသူ တဦး ဖြစ်ပြီး မိဘများ ထံ ခေတ္တပြန်ရာ မှ မဲဆောက်သို့ ပြန်လာစဉ် ယခုလို ကားမှောက်ခဲ့ ခြင်းဖြစ်သည်။



နောင်နောင်

0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By