" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Monday, January 4, 2010

ဦးအောင်ဆန်းဦး မျက်နှာကို ပစ်မှတ်ထား၍ မြားပစ်ပြိုင်ပွဲ ကျင်းပ

E-mail Print
၆၂ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနားများကို ပြည်တွင်း ပြည်ပတွင် ကျင်းပလျက်ရှိရာ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား သားသမီးများ တက်ရောက် ပညာသင်ကြား နေသည့် S.A.W အထက်တန်းကျောင်းတွင် “အောင်ဆန်းဦးကို သင်ခန်းစာပေးခြင်း” အမည်ရှိ မြားပစ်ပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲဝင်မည့် ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်လျက် ရှိသော်လည်း ၎င်း၏ အစ်ကိုကြီးဖြစ်သူ ဦးအောင်ဆန်းဦးမှာမူ လူထုခေါင်းဆောင်ကို နှမအဖြစ် စာနာ ထောက်ထားခြင်း မရှိဘဲ နှောင့်ယှက် တိုက်ခိုက်လျက် ရှိသောကြောင့် အဆိုပါပွဲ ကျင်းပခြင်း ဖြစ်ကြောင်း S.A.W အထက်တန်း ကျောင်းမှ ဆရာသီဟမောင်မောင်က ပြောသည်။

“ဦးအောင်ဆန်းဦးဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သားဖြစ်ပေမယ့် ပြည်သူ လူထုကို ဖိနှိပ်ချုပ်ချုပ်ချယ်တဲ့ စစ်အုပ်စုနဲ့ ပေါင်းပြီး သူ့နှမ အရင်းဖြစ်တဲ့ လူထု ခေါင်းဆောင်ကို နေရေး ထိုင်ရေး ခက်ခဲအောင် လုပ်တယ်။ လူထု ခေါင်းဆောင်ဟာ ဒီမိုကရေစီရဲ့ သင်္ကေတ ဖြစ်တယ်။ သူနေတဲ့ အိမ်ဟာ ၁၉၈၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ကိစ္စများစွာမှာ ပါဝင်ခဲ့တဲ့ သမိုင်းဝင်အိမ်ကြီးဖြစ်တယ်။ ဒါကို မစဉ်း စားမဆင်ခြင်ဘဲ လုပ်တဲ့ သူ့ လုပ်ရပ်ဟာ အင်မတန် အသိဉာဏ်မဲ့တဲ့ အလုပ်ဖြစ်တယ်။ ဒါကို ကလေးတွေသိအောင် အခုလို မြားပစ်ပြိုင်ပွဲ ကျင်းပပေးတာပါ” ဟုဆိုသည်။

ယခုပြိုင်ပွဲသည် ဦးအောင်ဆန်းဦး၏ လုပ်ရပ်များကို ဆန့် ကျင်ခြင်း၊ ရှုတ်ချခြင်း သဘောကို ပေါ်လွင်ထင်ရှားစေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆရာသီဟမောင်မောင်က ဆိုသည်။ အင်းဆက် ပိုးမွှားကောင်များ၏ ကိုယ်ခန္ဓာပ်ါတွင် ဦးအောင်ဆန်းဦး၏ မျက်နှာကို တပ်ဆင်ပေးလိုက်သောအခါ ကလေးများအနေနှင့် မြားဖြင့် ပစ်ပေါက်ချင်စိတ် ပိုမိုဖြစ်ပေါ်လာခဲ့သည်ဟု သူက ဆက်ပြောသည်။

ထိုကဲ့သို့ အင်းဆက်ပိုးမွှား ခန္ဓာကိုယ်ပေါ်တွင် ဦးအောင်ဆန်းဦး၏ မျက်နှာ တပ်ဆင်ခြင်းကို ပန်းချီ၊ ဒီဇိုင်းဆရာလည်း ဖြစ်သူ ကျောင်းဆရာသီဟမောင်မောင် ကိုယ်တိုင် ပြုလုပ်ခြင်း ဖြစ်သည်။

ယနေ့ ပြုလုပ်သော လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားတွင် အထက်တန်းပြဆရာ ဦးဇော်ငြိမ်းလတ်က လွတ်လပ်ရေးနေ့ အကြောင်းကို ဟောပြောပြီး ဆရာသီဟမောင်မောင်က “အောင်ဆန်းဦးကိုသင်ခန်းစာပေးခြင်း” မြားပစ်ပြိုင်ပွဲ အကြောင်းကို ရှင်းပြခဲ့သည်။

အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသား မောင်ဝင်းသက်ပိုင်ဦးက “ဦးအောင်ဆန်းဦးက ကိုယ့်အိမ်ကို ထောင်အဖြစ် လုပ်ပြီးနေနေရတဲ့ ညီမကို ဒုက္ခပေးနေတယ်။ သားတို့က သူ့ မျက်နှာတည့်တည့်ကို မှန်အောင်ကိုပစ်မယ်” ဟု ပြောသည်။

“လွတ်လပ်ရေးကိုရဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ကြိုးစားခဲ့ကြတယ်။ အခုတော့ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြရတယ်။ ဦးအောင်ဆန်းဦးအနေနဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ၀င်ပါခြင်းမပါခြင်းက သူ့ အခွင့်အရေးပဲ၊ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒီမိုကရေစီအရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ကို တိုက်ခိုက်တာရယ်၊ နောက်ပြီး ပြည်သူကို ဖိနှိပ်တဲ့ နအဖ နဲ့ပူးပေါင်းတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ငြိမ်းလတ်က ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသူ ကျောင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး “အောင်ဆန်းဦးကို သင်္ခန်းစာပေးခြင်း” မြားပစ်ပြိုင်ပွဲတွင် ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြသည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးသည် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရုံးမှတဆင့် တောင်းဆိုခဲ့သည်။

နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်၏ ဗိသုကာပညာရှင်များက မွမ်းမံ ပြင်ဆင်လျက်ရှိရာ ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ပြီးခဲ့သည့်လက ပြင်ဆင်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားသည်။

ဦးအောင်ဆန်းဦး၏ လုပ်ရပ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်စေသောကြောင့် စစ်အစိုးရ အလိုကျ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆမှုများလည်း ထွက်ပေါ်နေသည်။ ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းဌာနများက ဆက်သွယ်မေးမြန်းသော်လည်း ဦးအောင်ဆန်းဦးက ပြန်လည် ဖြေကြားခြင်း မရှိပေ။ ဧရာဝတီ web site မှ ကူးယူဖော်ပြပါသည်။

Read More...

(

အစိုးရ၀န်ထမ်း လစာနှုန်းများ ကျပ်(၂) သောင်း တိုးမြှင့်ပေး
၂၀၁၀ ဇန်န၀ါရီမှ စတင် ခံစားရမည်

အောင်ထက်/ ၄ ဇန်န၀ါရီ ၂၀၁၀

line

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရ၀န်ထမ်းများ၏ လစာနှုန်းထားများကို ရာထူးအဆင့် မခွဲခြားဘဲ တစ်ပြေးညီ ၂၀၀၀၀ ကျပ် တိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၀န်ကြီးရုံး၊ နေပြည်တော်မှ အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၀၉ ကို ဒီဇင်ဘာ (၃၁) ရက်တွင် ထုတ်ပြန်လိုက်သည်။

ဤအမိန့်ကြော်ငြာစာအရ ခံစားခွင့်များကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှ စ၍ ခံစားခွင့် ရှိစေရမည်ဟု ဖော်ပြထားသည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တနေ့ (၈) နာရီအတွက် (လက်ရှိ သတ်မှတ် လုပ်အားခ) ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်သို့ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း၊ တပ်မတော် ကြည်း-ရေ-လေ ၀န်ထမ်းများ၏ လစာနှုန်းသတ်မှတ်ချက်မှာ- တပ်မတော်အတွက် သတ်မှတ် လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဟု သိရသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ၀န်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းထားများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ် လစာနှုန်းသစ်ကို ခံစားရန်ဖြစ်သည်ဟု အဆိုပါ အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။

သို့သော် အစိုးရရုံးဌာန ၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာငွေများ တိုးမြှင့်ခြင်း (သို့မဟုတ်) တပေါင်းတည်း အပြတ်စနစ် ထုတ်ပေးခြင်းတို့ကိုမူ ဖော်ပြထားခြင်း မရှိချေ။

အမှတ်စဉ် လက်ရှိလစာနှုန်း(ကျပ်) တိုးမြှင့်လစာနှုန်း(ကျပ်)
၁ ၁၅၀၀၀-၁၀၀၀-၂၀၀၀၀ ၃၅၀၀၀-၁၀၀၀-၄၀၀၀၀
၂ ၂၁၀၀၀-၁၀၀၀-၂၆၀၀၀ ၄၁၀၀၀-၁၀၀၀-၄၆၀၀၀
၃ ၂၇၀၀၀-၁၀၀၀-၃၂၀၀၀ ၄၇၀၀၀-၁၀၀၀-၅၂၀၀၀
၎ ၃၃၀၀၀-၁၀၀၀-၃၈၀၀၀ ၅၃၀၀၀-၁၀၀၀-၅၈၀၀၀
၅ ၃၉၀၀၀-၁၀၀၀-၄၄၀၀၀ ၅၉၀၀၀-၁၀၀၀-၆၄၀၀၀
၆ ၄၅၀၀၀-၁၀၀၀-၅၀၀၀၀ ၆၅၀၀၀-၁၀၀၀-၇၀၀၀၀
၇ ၈၀၀၀၀-၂၀၀၀-၉၀၀၀၀ ၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀
၈ ၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀ ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀
၉ ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ ၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀
၁၀ ၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀ ၁၆၀၀၀၀-၂၀၀၀-၁၇၀၀၀၀
၁၁ ၁၆၀၀၀၀-၂၀၀၀-၁၇၀၀၀၀ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀
၁၂ ၁၉၀၀၀၀-၂၀၀၀-၂၀၀၀၀၀ ၂၁၀၀၀၀-၂၀၀၀-၂၂၀၀၀၀

(မှတ်ချက်) နှစ်တိုးများကို ၂ နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုသည်။

ခေတ်ပြိုင်မှ ဖော်ပြပါသည်။

Read More...

မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရာ မြို့နယ် မှ ကားတိုက်မှု သတင်း

ဈာပန အခမ်းအနား မြင်ကွင်း

သေဆုံးသူ၏ ဖခင်နှင့် တွေ့ဆုံမေးမြန်းစဉ်
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရာ မြို့နယ် ကျောက်ခက်ရွာ နေ စိုက်ပျိုးရေးလုပ်သား ဦးမြင့်၏ သား မောင်ဖိုးချဲအား ဒီဇင်ဘာ ၃၀ရက် ၂၀၀၉ နေ့ က မဲဆောက်မြို့မှ ကားတစီးက ၀င်ရောက်တိုက်ခဲ့ရာ ထိုနေရာမှာပင် လုံးဝသတိမရ တော့ဘဲ ၂၀၁၀ ဇန်န၀ါရီလ ၁ရက် New Year နေ့ တွင် ကွယ်လွန်ခဲ့ပါသည်၊ ထိုကိစ္စအား ကားပိုင်ရှင်က အမှု ကြေအေးစေရန်အတွက် ဘတ်ငွေ ၁သောင်းနှင့် သင်္ဂြိုံလ်စားရိတ်ငွေ ၅၀၀၀ဘတ် အား ဦးမြင့်၏ အလုပ်ရှင်ထံ ပေးအပ်ခဲ့ပါသည်။ ထိုအမှု ကြေအေးစေရန်အတွက် ခြံပိုင်ရှင်နှင့် ပူးပေါင်းပြီး ကာယကံရှင်အား ဖိအား ပေးခဲ့ပါသည်၊ ကာယကံရှင်များက မကြေနပ်သဖြင့် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ က ကူညီ၍ အသုဘချပေးပြီး အမှု အမှန်အတိုင်းဖြစ်စေရန် ကူညီပေးလျှက်ရှိပါသည်။

ချမ်းမြေ့ခင်

Read More...

Sunday, January 3, 2010

မလေးရှား သို့ တရားမ၀င် သွားရောက်မည့် လူ ၃၀ကို ထိုင်းစစ်တပ်က ဖမ်းဆီး

(မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူမှောင်ခို စက်လှေတစီးကို ယခုလ ၂၂ ရက်နေ့ ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ ထွက်ခွာလာသည့် အဆိုပါစက်လှေပေါ်တွင် လူ ၃၀ ပါလာပြီး ရနောင်းစစ်တပ်က မီးပြကျွန်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“လှေသမားက ၂ ယောက်မှာ တယောက်က ရေထဲခုန်ချပြီး ထွက်ပြေးလွတ်သွားတယ်၊ သားငယ်လေး(ခ) အလစ်ဆိုတဲ့ ကောင်လေးတယောက်ဘဲ မိတယ်၊ ကောသောင်း ရွှေမင်းဝံအပိုင်က အသက် ၁၅ နှစ်ဘဲရှိတယ်၊ လောလောဆယ် သူ့ကို ရုံးတင်စစ်ထားတယ်” ဟု ပြောသည်။

စက်လှေပေါ်တွင်လိုက်ပါလာသူများမှာ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ ရန်ကုန်အပြင် အခြားမြန်မာပြည်အတွင်းပိုင်းမှ လူများပါဝင်ပြီး အသက်မပြည့်သေးသည့် ကလေးငယ် (၄) ဦး၊ အမျိုးသမီး (၇) ဦးနှင့် ယောင်္ကျား (၂၀) ဦး ပါဝင်ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“သူတို့ထွက်လာတာက ကော့သောင်း တောင်နောက်လှေဆိပ်ကနေ ထွက်လာတာ၊ ပွဲစားတွေအဆက်သွယ်နဲ့ပေါ၊ မလေးမှာရောက်နေတဲ့ အမျိုးတွေက ချိတ်ဆက်ပေးပြီး အဲလိုတွေထွက်လာကြတာ၊ ကော့သောင်းရောက်ရင် ဘယ်သူ ဘယ်သူဆက်သွယ်ပါ၊ ကော့သောင်းမှာ လာကြိုကြတယ်လေ၊ ပွဲစားတွေက ကြိုတာပေါ့၊ ညီကိုမောင်နှမတွေက ဆက်သွယ်ကြတယ် အမျိုးမျိုးပေါ့၊ ပိုက်ဆံရှိလို့ လာကြတာလည်း ရှိတယ်၊ ပုံစံအမျိုးမျိုးနဲ့ လာကြတာ” ဟု ပြောသည်။

အဆိုပါ စက်လှေကို ကော့သောင်းမြို့မှ မနွယ်ဆိုသည့်အမျိုးသမီးက ပိုင်ဆိုင်ပြီး စက်လှေမောင်းလာသည့် သားငယ်လေး(ခ) အလစ်ဆိုသူကို တရားမဝင်လူသယ်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ကလေးထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယခု ဖမ်းဆီးထားသူများကို သက်သေအနေဖြင့်ထားရှိပြီး ပါနန်အချုပ်ခန်းတွင် ထိမ်းသိမ်းထားကာ ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ်အပြစ်ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ရိုးရိုး တောမောင်းမရှိတဲ့အတွက် ထောင် ၁၀ ရက်လောက်တော့ကျမယ်၊ ဒဏ်ငွေဆိုရင် (၂၀၀၀)၊ (၂၅၀၀) လောက်ဆောင်ရနိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းသည် ၂၀၀၉ ခုနှစ်အတွင်း လူအများဆုံးကို ပထမဆုံးအကြိမ် ဖမ်းဆီးမိခြင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးရန် ထိုင်းအာဏာပိုင်များက ကြိုတင်စီမံထားရှိကြောင်း ၎င်းက ဆက်ပြောသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By