" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Monday, November 8, 2010

စစ်ဘေးဒဏ်ကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများလည်း တိမ်းရှောင်နေရ

Read More...

မြ၀တီမြို့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ(ဆက်လက်ဖော်ပြပါမည်။)

မြန်မာစံတော်ချိန်..... ၅ နာရီ ၅၉ မိနစ်(ဆုံဆည်းရာ ဘလော့မှ ကူးယူဖော်ပြပါသည်။)
-----------------------------------------------------------------------
ည (၁၂ နာရီ ) ယနေ့ ၈ ရက် နိုဝင်ဘာ ၂၀၁၀ ခုနှစ် မြန်မာစံတော်ချိန် ည ၁၂ နာရီတွင် ဘလော့ဘ်နားမည်။ မနက်ဖြန် ၉ ရက် နိုဝင်ဘာ ၂၀၁၀ ခုနှစ် မနက် မြန်မာစံတော်ချိန် ၇ နာရီပြန်ဖွင့်မည်။

ည (၁၁ နာရီ ၅၅ မိနစ်)
ညနေပိုင်းက မြ၀တီမြို့တွင် ဒီကေဘီအေနှင့် နအဖ တိုက်ပွဲများကြောင့် မီးလောင်နေသည့် မြင်ကွင်း.... (ဓါတ်ပုံ - REUTERS)


ည (၁၁ နာရီ ၃၀ မိနစ်)
မြ၀တီမြို့အခြေအနေကို တီဗွီထိုင်း (TV Thai channel)လိုင်းက ထိုင်းစံတော်ချိန် ၁၁ နာရီမှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ထားတာပါ။ ထိုင်းဘက်ကမ်းရှိ စစ်ပြေးဒုက္ခသည် ၂၀၀၀၀ (နှစ်သောင်း)ကျော် နေထိုင်ရမှုတွေကိုလည်း ဗွီဒီယိုရိုက်ပြီး တင်ပြပေးထားပါတယ်။ စစ်ပြေးဒုက္ခသည်အတွက် နေရေးထိုင်ရေး စားရေးသောက်ရေး အခက်အခဲရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။




ည (၁၁ နာရီ ၁၁ မိနစ်)
မြ၀တီမြို့မှာတော့ ပစ်ခတ်မှု နည်းပါးသွားပြီလို့ သိရပါတယ်။ ဖုန်းဆက်သွယ်မှုတချို့ ပြတ်တောက်နေပါတယ်။ ဖုန်းတွေ ဘတ်ထရီကုန်နေကြောင်း သိရှိရသည်။

(၁၀ နာရီ ၅ မိနစ်) မဲဆောက်မြို့တွင်ထားရှိသော ဒုက္ခသည်များ




(၁၀ နာရီ ၀၀ မိနစ်) ဘုရားသုံးဆူမြို့အတွင်း နေ့ခင်းဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်အတွင်းပိုင်းရှိ ဖလကျေတီ ကျေးရွာကို M 79 လေးလုံး ကျရောက် ပေါက်ကွဲမှုကြောင့် ထိုင်းဈေးသည် တဦး ဒဏ်ရာရှိပြီး စံခဆေးရုံကို တင်ထားရကြောင်သိရသည်။ ဘုရားသုံးဆူမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်များနှင့် ဖလကျေတီ ကျေးရွာမှ နေထိုင်သူများကို ထိုင်း - မြန်မာနယ်စပ်မှ ၁ ကီလိုခန့် ကွာဝေးသည့် ထိုင်း စာသင်ကျောင်းအတွင်း စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်အား နေရာချထား သိရှိရသည်။

(၉ နာရီ ၄၀ မိနစ်)
ဒီကေဘီအေမှ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းသွားခဲ့သည့် ဗိုလ်ချစ်သူအား နအဖက ဖမ်းဆီးထားကြောင်း သိရှိရသည်။ နယ်ခြားစောင့်တပ် အင်အား ၂၀၀ ကျော် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပူးပေါင်းသွားသောကြောင့်ဖြစ်သည်။

(၉ နာရီ ၂၀ မိနစ်)
ဒီကေဘီအေ ဘက်မှ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ (ငြိမ်းချမ်းရေးကောင်စီ)မှ ကူညီထောက်ပံပေးနေတယ်လို့ သိရှိရသည်။

(၉ နာရီ ၁၅ မိနစ်)
မြ၀တီမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ အခုချိန်မှ ညှိလို့ မရတော့ဘူး ဆက်ဖြစ်မှာပဲလို့ပြောတယ်။ ဗိုလ်မှူးအဆင့် ဗိုလ်အဆင့်နဲ့ ညှိလို့ မရတော့ဘူးလို့ ဒီကေဘီအေ ဘက်မှ ပြောဆိုလိုက်သည်။

(၈ နာရီ ၅၁ မိနစ်) သံလွင်တံတားနဲ့ ဂျိုင်းတံတား ကျိုးသွားကြောင်း သိရှိရသည်။ မိုင်းခွဲခံရာတာလို့ သိရှိရပါတယ်။

(၇ နာရီ ၄၅ မိနစ်) ABSDF မှ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်း ဥက္ကဌ ကိုသံခဲက ပြောဆိုလိုက်သည်။ ၄င်းက ဆက်လက်ပြီး “ABSDF ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်” လို့ ကိုသံခဲက ပြောပါတယ်။

(၇ နာရီ ၃၈ မိနစ်)
မဲဆောက်လေယာဉ်ကွင်းရှေ့ စစ်ပြေးဒုက္ခသည်တွေထားတဲ့ ထိုင်းစစ်တပ်ဝန်းထဲကို ဒုက္ခသည် တဖြည်းဖြည်း ၀င်ရောက်နေပါတယ်။ ယခုလက်ရှိ အချိန်အထိ မဲဆောက် - မြ၀တီ ကမ်းနားမှ စစ်ပြေး ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ကားတွေ တဖွဲဖွဲ ၀င်ရောက်နေဆဲပဲဖြစ်တယ်လို့ ရောက်ရှိနေသူတဦးက ပြောပါတယ်။ စစ်ပြေး ဒုက္ခသည်တွေအတွက် အစားအစာနဲ့ နေရာထိုင်ခင်း ခက်ခဲမှုတွေလည်း ရှိနေပါတယ်။

(၇ နာရီ ၂၃ မိနစ်)
ထိုင်း-မြန်မာ နယ်စပ် တခုဖြစ်တဲ့ ဘုရားသုံးဆူဘက်မှာ ဒီကေဘီအေ တပ်တွေက နအဖ စစ်တပ်မှ ဒု-ရင်းမှူး ဗိုလ်မှူးနေထူး အား ဖမ်းဆီးရမိထားတယ်လို့ သိရှိရပါတယ်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ရုပ်သံစတေးရှင်နဲ့  စရဖရုံး အကောက်ဂိတ်တွေကို ဒီကေဘီအေဘက်မှ သိမ်းဆည်းထားကြောင်း သိရသည်။

(၇ နာရီ ၄ မိနစ်) ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးများ ထပ်ပြီး ကျရောက်လာလျှင် ထိုင်းစစ်တပ်မှ ပြန်လည် ပစ်ခတ်မယ်လို့ ထိုင်းစစ်အရာရှိ တဦးမှ ပြောဆိုလိုက်သည်။

(၆ နာရီ ၅၆ မိနစ်) မြ၀တီမြို့မှာ ဖြစ်ပွားနေတဲ့ နအဖနဲ့ ဒီကေဘီအေတို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကို ယနေ့ည အပြတ်တိုက်ဖို့ နအဖ ဗျူဟာမှူးက အမိန့်ပေးလိုက်ပါတယ်။ ထိုင်းဘက်ကမ်း မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေး ဒုက္ခသည် သုံးသောင်းနီးပါးရှိလာပြီလို့ သိရှိရသည်။

(၆ နာရီ ၁၇ မိနစ်) မြ၀တီမြို့လက်နက်ကြီးသံများ ယခု ကျနော်ထိုင်နေတဲ့နေရာက နေ တချက် တချက် ကြားနေရပါသေးသည်။
(၅ နာရီ ၅၉ မိနစ်) မြ၀တီမြို့လက်နက်ကြီးသံများနည်းနည်း ဆဲသွားပြီလို့သိရှိရပါတယ်။ ဆက်လက်တိုက်ပွဲဖြစ်ဖို့ အားယူနေတယ်လို့ ထင်မြင်ကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။


(၅ နာရီ ၃၇ မိနစ်) မြ၀တီမြို့တွင် ဒီကေဘီအေနှင့် နအဖ တပ်များကြား ဖြစ်ပွားနေသောတိုက်ပွဲ ယနေ့ ညဘက်တွင် အရှိန်အဟုန်မြင့်ဖွယ် ရှိပါတယ်။ အချို့သော လူတွေက မြ၀တီမြို့ကနေ မဲဆောက်ဘက်ကို ထွက်ခွာချင်နေပါတယ်။ ဒါပေမယ့် ဂိတ်တွေ ပိတ်လိုက်သောကြောင့် ထွက်ခွာမရ ဖြစ်နေသူတွေလည်း ရှိပါတယ်။

(၅ နာရီ ၂၀ မိနစ်) မြ၀တီမြို့ သုံညဂိတ် ရှေ့တည့်တည့် သစ္စာမဂ္ဂင် ဘုန်းကြီးကျောင်းမှာ လူ ၃၀၀ ၀န်းကျင်ခန့် ပိတ်မိနေတယ်ကြောင်း သိရှိရသည်။

(၅ နာရီ ၁၃ မိနစ်) ထိုင်း တီဗွီ ၇ လိုင်းက ထုတ်လွှင့်သွားတဲ့ မဲဆောက် - မြ၀တီ အခြေအနေပါ...။



(၅ နာရီ ၈ မိနစ်) ယခုအချိန်အထိ မြ၀တီကမ်းကနေ ထိုင်းဘက်ကမ်းကို ကူးလာနေတဲ့ စစ်ပြေးဒုက္ခသည်တွေက ကူးလာနေတုန်းပါ။ ကူးလာသမျှ စစ်ပြေးဒုက္ခသည်တွေကို မဲဆောက်လေယာဉ်ကွင်းရှေ့က စစ်တပ်ဝန်းထဲမှာ ထားသလို နောက်လာမယ့်သူတွေအတွက် မဲဆောက်လေယာဉ်ကွင်းထဲမှာ ထားမယ်လို့လည်း သိရှိရပါတယ်။ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၀၀၀၀ (တစ်သောင်း) ကျော် ဖြစ်လာပါပြီ။ ရေနဲ့ အစာရေစာ ရှားပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ပြေးဒုက္ခသည်ကို ကူညီသူ အန်ဂျီအိုမှ လူတဦးက ပြောပါတယ်။

(၅ နာရီ) မြ၀တီမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ...။ နအဖ ဘက်က စစ်ကူတွေ မော်လမြိုင်က တက်လာတယ်ပြောပါတယ်။ နအဖ က ပြည်တွင်း စစ်ပွဲကို လေယာဉ်ပျံသုံးဖို့ စီစဉ်နေကြောင်းလည်း သိရှိရပါတယ်။ တိုက်ပွဲ ညဘက်မှာ အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ဖို့ရှိကြောင်း သိရှိရပါတယ်။

(၄ နာရီ ၃၇မိနစ်) မြ၀တီတွင် ဒီကေဘီအေမှ အဓိက ကျတဲ့ နေရာတွေ သိမ်းယူလိုက်ကြောင်း သိရှိရသည်။ (ကိုးကား..The Nation)

(၄ နာရီ ၁၉မိနစ်) မြ၀တီတွင် စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုတော့မယ်။ မြို့ထဲက လူတွေကို အကုန် ထွက်ခိုင်းလိုက်ပြီ။ အခု တိုက်ပွဲက မြ၀တီ မြို့တ၀က်လောက်ဖြစ်နီပါး ဖြစ်ပွားနေတယ်။ ဘယ်သူမှ ထိန်းချုပ်လို့ မရသေးဘူး မော်လမြိုင်က နအဖတပ်တွေ တက်လာတယ်ဟု သိရ။

(၄ နာရီ ၄မိနစ်) မဲဆောက်မြို့ လေယာဉ်ကွင်းရှေ့ စစ်တပ်ထဲရှိ စစ်ပြေး ဒုက္ခသည်အရေးကို တပ်ခရိုင်ဝန်၊ ယူအန်၊ အခြား အန်ဂျီအိုများ ဆွေးနွေးလျှက်ရှိကြောင်း သိရှိရသည်။ လောလောဆယ် ထိုစစ်တပ်ဝန်းထဲတွင် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ရှိပြီး၊ အခြား နေရာများတွင်လည်း သုံးထောင်ကျော်ရှိကြောင်း သိရှိရသည်။

(၃ နာရီ ၂၇မိနစ်) မြ၀တီတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲအရှိန်ကြောင့် မီးလောင်နေသည်။ ၉၀၇ ဒီကေဘီအေ တပ်ဝန်းကနေ စတင်လောင်ကျွမ်းတာပါ။ မီးခိုးလုံးတွေ တက်လာပါတယ်။ တိုက်ပွဲက တစတစနဲ့ ပိုမိုပြင်းထန်ပြီး အသံတွေ ပိုမိုကျယ်လောင်စွာ ကြားလာရပါတယ်။

(၃ နာရီ ၁၂မိနစ်) ဘုရားသုံးဆူတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်မှုကြောင့် ရုပ်သံစတေရှင် ပျက်စီးသွားပြီး စရဖရုံး ပြာကျသွားကြောင်း သိရှိရသည်။ ဒီကေဘီအေ ၂ယောက်ကျဆုံးပြီး နအဖ ဘက်မှ စစ်သား ၂ယောက်ကျသွားသည်။ နအဖ ဘက်မှ သေနတ် ၉ လက်ကို ဒီကေဘီအေမှရရှိ အောင်ပွဲခံခဲ့သည်။ နအဖ စစ်တပ်မှ ဆုတ်ပစ် ထွက်ခွာနေကြောင်း သိရှိရသည်။ ကေအန်ယူမှလည်း ၀န်းရံထားကြောင်း ထပ်မံသိရှိသည်။

(၂ နာရီ ၅၉မိနစ်) မဲဆောက် လေယာဉ်ကွင်းအရှေ့က ထိုင်းစစ်တပ်ဝင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေကို နောက်ဆုံး ရိုက်ထားတာပါ။


(၂ နာရီ ၅၆မိနစ်) ထိုင်းနိုင်ငံ ASTV က ဒီနေ့ ၁၂ နာရီလောက်က ရိုက်ထားတဲ့ ဗွီဒီယိုကလစ်တွေ တင်ပေးလိုက်ပါတယ်။





(၂ နာရီ ၄၆မိနစ်) မြ၀တီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ မဲဆောက် လေယာဉ်ကွင်းရှေ့ ထိုင်းစစ်ထဲတွင်ထားရှိထားပါတယ်။ စစ်ပြေး ဒုက္ခသည် အနည်း ၇၀၀၀ ၀န်းကျင်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်

(၂ နာရီ ၃၉မိနစ်) မြ၀တီမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ လက်နက်ငယ်နှင့် လက်နက်ကြီးများ ပစ်ခတ်နေပါတယ်။ ထိုင်းဘက်ကမ်းကို ရောက်ရှိလာတဲ့ လူနာများ မရှိသေးဘူးလို့ သိရှိရပါတယ်။

(၂ နာရီ ၂၆မိနစ်) ဘုရားသုံးဆူတောင်ပိုင်းမြို့အစွန်မှာ ဒီကေဘီအေနှင့် နအဖ တို့ရဲ့ တိုက်ပွဲအရှိန်ကြောင့် မီးတွေ လောင်နေကြောင်း။ ထိုင်းနိုင်ငံဘက်ရှိ ဆန်ခဆေးရုံကို လူနာများ ရောက်လာကြောင်း သိရှိရသည်။ တိုင်ပွဲက ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ လက်နက်ငယ်များအဆက်အပြတ် ပစ်ခတ်နေပြီး လက်နက်ကြီးများလည်း မကြာခဏ ပစ်ခတ်....။

(၂ နာရီ ၅မိနစ်) ထိုင်းဘက်မှ မြ၀တီ- မဲဆောက် လမ်းပေါ်မှ ဒုက္ခသည်များ...။


(၂ နာရီ ၁မိနစ်) မြ၀တီတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် သုံးဦးထက် မနည်းသေဆုံးကြောင်း အေအက်ပီ သတင်းဌာနက ပြောဆိုသည်။ (ကိုးကား - 3 die in clashes in Burma)

(၁ နာရီ ၅၆ မိနစ်) ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပစ်ခတ်နေတယ်။ စက်သေနတ် စက်တိုက်ပစ်သံတွေ ကြားနေရတယ်။ မြ၀တီ ကြံခင်းဂိတ်ကနေ ထိုင်းဘက်ကို ထွက်ပြေးဖို့စောင့်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပို့ဆောင်ပေးနေတဲ့ လှေက တစီးပဲရှိတယ်။

(၁ နာရီ ၄၅ မိနစ်) ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။ “ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။ ပြည်သူလူထုတွေ ငတ်ကုန်တာကို လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။ဟု ပြောဆိုသည်။


(၁ နာရီ ၃၈ မိနစ်) ပြန်ပစ်ပြီ.... မြ၀တီမြို့မှာ ဒီကေဘီအေ ဘက်က အင်အား ၅ဝဝ ကျော်လောက်က၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ သိပ်မဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပိုမိုပစ်ခတ်လာပါတယ်။ ခုနက ပစ်ခတ်ပြီးရပ်နားသွားပြီး ယခု မြန်မာစံတော်ချိန် ၁ နာရီ ၄၃ မိနစ် တရက်စက်ပစ်ခတ်နေတာပါ။ မြ၀တီမှ မဲဆောက်ကူးမည့် စစ်ပြေး ဒုက္ခသည်များကို လှေဖြင့် ပို့ပေးမည့် သူမရှိတော့ပဲ မြ၀တီ ဘက်ကမ်းမှာ လှေကို စောင့်နေပါတယ်။

(၁ နာရီ ၃၂ မိနစ်) မြ၀တီမှ စစ်ပြေးဒုက္ခသည်များ ထွက်ပြေးလာနေကြပြီ။ မြ၀တီမြို့တွင်းမှ နအဖ စစ်တပ်မှ ထွက်ခွာချိန် ၄၅ မိနစ်ပေးထားရာ မိနစ် ၃၀ ရှိသွားပြီဖြစ်ကြောင်းသိရသည်။





(၁ နာရီ ၂၄) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူ ပူးပေါင်းတိုက်ပွဲဝင်ပြီ

(၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...

(၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
-----------------------------------------------------------------------
မြ၀တီ
(၁း ၁၀) တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ဖို့အခြေအနေရှိကြောင်း။ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးမှ လူအင်အား ထပ်မံစုဆောင်းနေကြောင်း သိရှိရသည်။

(၁း ၀၅) နအဖ စစ်တပ်မှ မြ၀တီမြို့နေလူထုအား မြ၀တီမြို့အတွင်းမှနေ ၄၅ မိနစ်အတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း ကားများဖြင့်လိုက်လံ ကြေညာနေသည်။ ထိုင်းဘက် ခြမ်း ကမ်းနားတွင် စစ်ပြေးဒုက္ထသည်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

(၁ နာရီ) နအဖ စစ် အစိုးရဘက်က နေပြည်တော်ကလွှတ်သည့် ရဟတ်ယာဉ်တစင်း ရောက်ရှိလာကြောင်း မျက်မြင်သက်သေ တဦးပြောကြားသည်။

(၁၂း ၃၀) မြ၀တီတွင် ပစ်ခတ်မှုများကြောင့် လတ်တလောတွင် ၂ ဦးသေဆုံးကြောင်း မျက်မြင်သက်သေတဦး အပြောအရ သိရှိရသည်။ ဒဏ်ရာရှိသူ ၁၀ ဦးထက်မနည်းကြောင်း မျက်မြင်သက်သေတဦး ပြောကြားချက်အရ သိရှိရသည်။ အခြားထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်သေးလို့ ပြောဆိုသည်။ ၁ ဂိတ် ဟွေ့မှုတ်ရွာ ထိုင်းဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။ (ကိုးကား - Spillover of fighting in Burma kills one Thai) တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်နက်ငယ်အသုံးများ အဆက်မပြတ်ကြားနေရသလို... လက်နက်ကြီးပစ်ခတ်သံများကိုလည်း တချက်ချက်ကြားရပါတယ်။ မိုးကုတ်ဂိတ်ကနေစပြီး မနက်ကိုးနာရီလောက်က စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာပါ။ နအဖ စစ်တပ်က ပေါ်တာလိုက်လံဆွဲနေကြောင်း သိရှိရပါတယ်။



DKBA မှ မြ၀တီရဲစခန်းကို သိမ်းပိုက်ထားစဉ်

ကောဂရိတ်
ကောဂရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဘားအံကနေ မြ၀တီကို စစ်ကူဆင်းလာတဲ့ စစ်ကားတွေကို ဒီကေဘီအေက လမ်းကနေ ကြားဖြတ်တိုက်ခိုက်တာလို့ သိရှိရပါတယ်။


ဘုရားသုံးဆူမြို့နယ်
(၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...
(၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
ဒီကေဘီအေတပ်များနှင့် မွန်ပြည်သစ်ပါတီကတဘက်၊ နအဖ စစ်တပ်မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ တဘက် တဘက်နှင့်တဘက် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မဲဆောက်
မဲဆောက်ဘက်မှာတော့ မြ၀တီ-မဲဆောက်လမ်းကို လေယာဉ်ကွင်းအရှေ့မှာနေပြီး ထိုင်းစစ်တပ်တွေ လမ်းကိုပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်အခြမ်းကမ်းနားတွင် ထိုင်းစစ်တပ်မှ လက်နက်အပြည်အစုံ နေရာယူထားသလို့ လက်နက်ကြီးသံကြားလိုက်တိုင်း ပြားပြားဝပ်လိုက်တာ တွေ့ရပါတယ်။ ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်း အရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာ တလုံးကျလာပါတယ်။ အောက်မှာ ဓါတ်ပုံ တင်ထားပါတယ်။ နောက် ၁ ဂိတ် ထိုင်းဘက်ရှိ ဟွေ့မှုတ်ရွာ (ထိုင်းရွာ)ကိုလည်း လက်နက်ကြီးများ ကျရောက်ခဲ့ပါတယ်။ ထိုလက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။

ထိုင်းစစ်တပ်မှ ထွက်ပြေးရောက်ရှိလာသော စစ်ပြေး ဒုက္ထသည်များကို စစ်ဆေးနေစဉ် (ဓါတ်ပုံ -Reuters)

(ကိုးကား - Spillover of fighting in Burma kills one Thai) လက်နက်ကြီးကျရောက်တဲ့အတွက် ထိုင်းရွာသား အနည်းနယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးရသတင်းကတော့ ထိုကဲ့သို့ မြ၀တီမြို့တွင်းမှာ ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပေးလာတဲ့ စစ်ပြေးဒုက္ခသည် ထောင်ကျော်ကြောင်းသိရှိရပါတယ်။ တဖြေးဖြေးနဲ့ စစ်ပြေး ဒုက္ခသည် များပြားလာကြောင်း ထပ်မံသိရှိရ။ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းတကျောင်းတွင် ထားရှိထားကြောင်းသိရှိသည်။ နောက်ဆုံး မဲဆောက်မြို့တော်ဝန်ရုံးမှာ တာဝန်ရှိသူ Mr.Kittisak Tomornsak ပြောပြချက်အရ ထိုင်းဘက်ကို ထွက်ပြေးလာသည် စစ်ပြေးဒုက္ထသည် ထောင်ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။



ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်းအရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာသည့် မြင်ကွင်း

Read More...

Thursday, May 13, 2010

မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ






မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းရဲဖမ်ဆီးပြီး ထောင်ချခံနေရ



ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် စက်ရုံအလုပ်ရုံများကို ထိုင်းရဲများက မေလ ၈ရက်နေ့မှ ယ နေ့အထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား (၆၀၀)ကျော်ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် အလုပ်သမား (၆၀၀)ကျော်ထဲမှ ထောင်ဒဏ်အပြစ်ကျခံရသူ၊ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့ခံရသူနှင့် လုပ်ငန်းရှင်က ထိုင်းအာဏာပိုင်ထံ ငွေပေးရွေးထုတ်နိုင်ခဲ့သည့် အလုပ်သမားများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စနေနေ့က အဖမ်းခံခဲ့ရသည့် ဝေ့မုတ်ကျေးရွာရှိ နွားရုံဟု လူသိများသည့် တီကေဖိုးသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉၂)ဦးကို တနင်္လာနေ့တွင် မဲဆောက်မြို့နယ်တရားရုံးက ထောင်ဒဏ် (၄၅)ရက်ချမှတ်လိုက်သည်။

အလားတူဘန်စန်ခွဲအရပ်ရှိ အိုမီဂါသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၀)ကို ထိုင်းရဲများက ပြီးခဲ့သည့်စနေနေ့တွင်ဖမ်းဆီးခဲ့သည်။ ထိုအဖမ်းဆီးခံ မြန်မာအလုပ်သမား (၁၂၀)ထဲမှ (၉၇)ဦးကို တနင်္ဂနွေနေ့တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။ ကျန် (၂၃)ဦး ထောင်ချခဲ့ပြီး အိုမီဂါစက်ရုံမန်နေဂျာကိုပါ ထိုင်း အာဏာပိုင်များက အရေးယူခဲ့သည်။

အိုမီဂါ စက်ရုံမှ ကိုထွန်းထွန်းက ”စိတ်မကောင်းဘူးဗျာ။ သူတို့ တွေကို ဘယ်လို ကူညီရမလဲမသိဘူး။ သူဌေးကလည်း လွတ်မယ် လွတ်မယ်နဲ့ အခုတော့ ထောင်ကျကုန်ပြီ။”ဟု ပြောသည်။

တနင်္လာနေ့ညနေပိုင်းတွင် မယ်တောင်ကျေးရွာရှိ SR သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား (၂၅၀) အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်အလုပ်သမားများအခြေအနေကို အဆိုပါ စက်ရုံမှ ကိုမင်းနောင်က ”ကျနော်တို့ စက်ရုံက အဖမ်းခံရသူတွေကတော့ အခု အလုပ်ပြန်ဆင်းနေပြီ။ သူဌေးက ဘတ် ၇၀၀၀၀ နဲ့  ရွေးလိုက်တယ်” ဟုဆိုသည်။

ထိုင်းအစိုးရက ပြဌာန်းထားသော အလုပ်သမားဥပဒေအရ အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီး ထောင်ချခြင်း။ မိခင်နိုင်ငံသို့ ပြန်ပို့ ခြင်းများ ကိုပြုလုပ်နိုင်သည်။ ထို့ အတူ တရားဝင် အလုပ်လုပ်ခွင့်မရှိသူကို အလုပ်ခန့် ထားသော အလုပ်ရှင်မှာ အလုပ်သမား ဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဟု ပြဌာန်းထားကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံဖြစ်သူကိုမျိုးဇော်မှ ” ၂၀၀၈ ခုနှစ်က ထုတ်ပြန်တဲ့ အလုပ်သမားဥပဒေအရ ပုဒ်မ ၂၇မှာ လက်မှတ်မရှိတဲ့ အလုပ်သမားကိုမခန့်ရ၊ ခန့်ထားခဲ့ရင် ပုဒ်မ ၅၄ မှာ ပြဌာန်းထားတာက အလုပ်သမား တယောက်အတွက် ဒဏ်ငွေ ၁ သောင်းကနေ ၁ သိန်းအထီ ဒါဏ်ရိုက်ခံရမယ် ဒါက အလုပ်ရှင်အပိုင်း၊ အလုပ်သမားကျတော့ ပုဒ်မ ၅၁ အရ လက်မှတ်မရှိဘဲ မလုပ်ရ တွေ့ရှိရင် ဒါဏ်ငွေ ၂၀၀၀ ကနေ ၁သိန်းအထိဒါဏ်ရိုက်ခံရနိုင်တယ်၊ ၅နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်တယ် သို့သော် အလုပ်သမားကိုယ်တိုင်က နေရပ်ရင်းဒေသကပြန်ပါမယ်လို့ဝန်ခံထွက်ဆိုရင် ရက်ပေါင်း ၃၀ အထိထောင်ဒါဏ်ချခံရပြီးတော့ နယ်စပ်ပြန်လွှတ်နိုင်တယ် ဒါကတော့ တရားရုံးအပေါ်မှာ မူတည်တာပေါ့ဗျာ” ဟုပြောသည်။





ရဲဖမ်းမည်ကိုစိုး၍ တောထဲတွင် သွားရောက်ပုန်းရှောင်နေရာမှ ယခုအခါ အလုပ်ထဲကို ပြန်ရောက်လာသူ ရုံစိမ်းမှ ကိုဝင်းညွန့် ကလည်း ”သုံးရက်လောက် ပုလိပ်ပြေးလိုက်ရတယ်ဗျ။ အခုတော့ စက်ရုံက ပြန်လိုက်ခေါ်လို့ အလုပ်ပြန်ဆင်းနေကြပြီ” ဟုဆိုသည်။

မဲဆောက်မြို့ပါတ်ဝန်းကျင် စက်ရုံအချို့တော့အလုပ်ပြန်ဆင်းခိုင်းနေပြီး အချို့စက်ရုံတော် တော်များများ ကတော့ ယခုထိ ရှောင်ပုန်းနေကြတုန်းပဲဟုသိရှိရပါသည်။



ထိုင်းအစိုးရသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၂ ရက်နေ့ ကို သတ်မှတ်ခဲ့ပြီး ထိုရက်ကျော်လွန်ပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ မြန်မာဘက်ခြမ်းသို့  အလုံးအရင်းနှင့် ပြန်ပို့ မည်ဟု ကြေညာထားဖူးသည်။ ထိုကြေညာချက်ထွက်ပေါ်ပြီးနောက်မဲဆောက်မြို့ တွင် ယခုကဲ့သို့  အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းသည် ထိုင်းနိုင်ငံအတွင်း အများဆုံး ဖမ်းဆီးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအဖွဲ့  အစည်းများက ခန့် မှန်းပြောဆိုကြသည်။

Read More...

၁၂၀ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားကျင်းပ





၁၂၀ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားကျင်းပ

၁၊၅၊၂၀၁၀
ထိုင်းမြန်မာနယ်စပ်
မဲဆောက်မြို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးတွင်၁၂၀ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။
ယနေ့ကျရောက်သည့် အကြိမ်၁၂၀မြောက်ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့)အထိမ်းအမှတ်ပြုလုပ်သောအခမ်းအနားတွင်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့(YCOWA)နှင့်အတူDPNS၊ FED၊ MAP၊OIA၊ BWU၊ ALC၊ PKGWA၊ IRC၊ IOM၊အဖွဲ့ပါဝင်(၁၀)ဖွဲ့စုပေါင်းကျင်းပခဲ့ကြောင်းရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမျိုးဇော်ကပြောသည်။

ယနေ့ကျရောက်သည့် အကြိမ် ၁၂၀ မြောက်ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အထိမ်းအမှတ်ပြုလုပ်သော အခမ်းအနားများမှ အလုပ်သမား ရပိုင်ခွင့်များနှင့်ပတ်သက်ပြီးလေ့လာခွင့်ရခဲ့သလို ဥာဏ်စမ်းပဟေဌိအစီးအစဉ် များ ရခိုင်ရိုးရာအကများအပြင် အကျွေးအမွေးများဖြင့်ဧည့်ခံခြင်းကြောင်းအလွန်ပျော်ရွှင်ရပါသည် ဟုထိုင်းနိုင် ငံရောက်မြန်မာအလုပ်သမားများက ပြောသည်။
ထိုင်းမြန်မာနယ်စပ်
မဲဆောက်မြို့ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးတွင်ကျင်းပသော မေဒေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အထည်ချုပ် အလုပ်သမား တဦးက’’ကျမတို့ စက်ရုံအများစုကအလုပ်သမားတွေတက်တယ်၊ ဒီပွဲမှာ ကျမတို့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အကြောင်းကို ပိုသိလာရတယ်၊ နောက်ပြီးမြန်မာအလုပ်သမားထု တရလုံးလည်းမတရား အခိုင်းခံနေရတာ၊မတန်တဆလုပ်အားခတွေခံစားနေရတာတွေ၊ရပိုင်ခွင့်တွေအခိုးခံရတာတွေကိုပိုမိုနားလည်လာစေ တယ်” ဟု ပြောသည်။
ယနေ့ ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ရှိ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ဦးဆောင်မှုဖြင့်လည်း မြန်မာအလုပ်သမား ၅၀ တို့ သွေးလှူဒါန်းခဲ့ကြသေးသည်။

မေဒေးနေ့ အထိမ်းအမှတ် သွေးလှူသည့် ဘန်ကောက်ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ဘန်ကောက်မြို့အနီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည့် မဟာချိုင်တွင်လည်း မေဒေးနေ့ အထိမ်းအမှတ်ကို မြန်မာ သင်္ဘောသား အသင်း ဖြစ်သည့် ပင်လယ်ပျော်များသမဂ ကထိုင်း အလုပ်သမားအခွင့်အရေးမြှင့်တင်ရေး အဖွဲ့နှင့်ပူးတွဲ၍ ဟောပြောပွဲများ၊ ပျော်ပွဲရှင်ပွဲများဖြင့် ကျင်းပခဲ့ကြသည်။
ယခုကျင်းပသောအလုပ်သမားနေ့အခမ်းအနားသည် ကမ္ဘာ့အလုပ်သမားနေ့’’မေဒေး နေ့အဖြစ် ၁၈၈၉ ခုနှစ်ကပြင်သစ်နိုင်ငံ ပဲရစ်မြို့ တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များ ဒုတိယ အကြိမ် ညီလာခံမှ မေလ ၁ ရက်နေ့ကို သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုနေ့တွင် ကမ္ဘာတာဝန်ရှိအလုပ်သမားများက အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကိုတောင်းဆိုဆန္ဒပြပွဲများပြုလုပ်ကြသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By