၂၁နှစ်မြောက်(၈)လေးလုံးအရေးတော်ပုံအခမ်းအနားမဲ့ဆောက်မြို့ ထုံထောင်း ကပ်ပိဘန်း လမ်းနံဘေးရှိ saw စာသင်ကျောင်းတွင်ကျင်းပပြုလုပ်
သြဂုတ် ၈ ၂၀၀၉
မဲ့ဆောက်မြို့ ထုံထောင်း ကပ်ပိဘန်း လမ်းနံဘေးရှိ saw စာသင်ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနား သို့ လူပေါင်း ၃၀၀နီးပါးခန့် တက်ရောက်ခဲ့ကြပြီး ပြည်ပရောက် မဲ့ဆောက်မြို့  အခြေစိုက်သည့် အဖွဲ့အစည်းများ၊သတင်းဠာနုများနှင့်
ကျောင်းသား။ကျောင်းသူ များစွာတက်ရောက်လာတာတွေ့ရပြီး မျိုးဆက်သစ် ကျောင်းသား။ကျောင်းသူ အများအပြား တက်ရောက်လာတာကို တွေ့ရသည်။
အခမ်းအနား အစီအစဉ်များအတိုင်း အခမ်းနား မှ့ ပထမဦးစွာ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဉ်အလိုက် ခေါင်းစဉ်များကို ကြေငြာဖတ်ကြား
ပြီးနောက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့် (၈)လေးလုံး အရေးတော်ပုံအတွင်းကျဆုံး သောရဲဘောာ်များအားဂုဏ်ပြုသည့်အနေဖြင့် အ
လေးပြုပြီး (၈)လေးလုံး အထိမ်းအမှတ် (၈)မိနစ် ငြိမ်သက်ခဲ့ကြာသည်။
ထို့နောက် အစီအစဉ် အတိုင်း ပထမဦးစွာ ဦးခွန်းမတ်ရ်ကိုဘန်(NCUB)ဦးမြင့်သိန်း(LLC) ဦးမြင့်စိုး(NLD-LA) ဥိးမင်းနိုင်(ဗကသ) မနိုးနိုးထက်စံ(BWU) ကိုသံခဲ
(မကဒက)ဦးငွေလင်း(FDB)တို့မှ့(၈)လေးလုံး အရေးတော်ပုံ စတင်ဖြစ်ပေါ်လာပုံနှင့် လူထုက ထိုအချိန်တွင် အလိုအလျှောက် စိတ်ဓါတ်တက်ကြွ စွာပါဝင်လာ
ပုံ ကြီးမားသည့် သမိုင်းမှတ်တမ်း တစ်ခု(၀ါ)သွေးစွန်းသည့် နေ့တစ်နေ့ အဖြစ် ယနေ့ထပ်ထိ မမေ့နုင်အောင် ရက်ရက်စက်စက် လက်နက်ဆို၍ အပ်တိုတစ်
်ချောင်းတောင်မပါသည့် ကျောင်းသားနှင့်ပြည်သူ လူထုများကို ကျည်ဆံ အားကိုးဖြင့်ဗိုလ်နေ၀င်းက နိုမ်နင်းသည့်တိုင်အောင် ဒေါင်းအလံ မြေကျဘဲလူသာ
အလဲခံခဲ့သည့် ထိုအချိန်က အခြေအနေများကို အသီးသီးပြောကြားသွားကြ ပြိး ယခုဆို လျှင်(၂၁)နှစ်ပြည့်မြောက် ခဲ့ပြီ(၈)လေးလုံး အရိပ်ဆိုး ကြီးအား ပျိုမြစ်
နုနယ်သည့် မျိုးဆက်သစ် များနှင့်ပူးပေါင်းကာ ညီညီညွတ်ညွတ် ဆက်လက်တိုက်ပွဲ ၀င်သွားရန်ကို အဓိကထား ပြီး ပြောသွားကြတာကို တွေ့ရသည်။
ထိုနောက် အခမ်းအနား နောက်ဆုံးအစီအစဉ် ဖြစ်သည့် အကျွေးအမွေး အစီအစဉ် ကိုစတင်
မှာဖြစ်ကြောင်းကြေငြာ ပြီးနောက် ဧည့်ခံကျွေးမွေး ပြီးအခမ်းအနား ကို ရုပ်သိမ်းလိုက်ပါသည်။
နောင်နောင်
Read
More...
Summary
only...
ဆန္ဒပြမှုနောက်ဆက်တွဲသတင်း။
ယနေ့နံနက် ၈း၃၀ တွင် Panthong Manufacturing Co,Ltd စက်ရုံမှ အလုပ်သမား(၂၀၀) ခန့် ၄င်းတို့လုပ်အားခ နှစ်လစာ လစာငွေ မရရှိသောကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး ရှေ့တွင် သွားရောက်ဆန္ဒပြရာ နေ့လည် ၂း၃၀ နာရီတွင် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်ရရှိသဖြင့် ဆန္ဒပြပွဲပြီးဆုံးသွားသည်။
မက်ဖေါင်ဒေးရှင်း နှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အကူအညီဖြင့် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးမှတာဝန်ရှိသူများ စက်ရုံ ပိုင်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် (၉) ဦး တို့နံနက် ၁၁း၃၀ တွင်စတင် ဆွေးနွေးညှိနှိုင်းသည်။
စက်ရုံပိုင်ရှင်ကိုယ်စားလှယ်မှ အလုပ်သမားတို့၏လစာကို ၂၀.၄.၂၀၀၉ နေ့တွင် နောက်ဆုံးထား ပေးရန် ယခုအချိန်မှစပြီး အလုပ်သမားများအား တနေ့ထမင်းနှင့်ဟင်း (၃) ကြိမ် ကျွေးမွေးရန် သောက်သုံးရေ အလုံအလောက် ပေးရန်နှင့် စက်ရုံအတွင်း ဆက်လတ် နေထိုင်ခွင့်ပြုရန်တို့ကို ကတိပြုခဲ့သည်။
နေ့လည် ၂း၃၀ နာရီ၌ သဘောတူစာချုပ်တွင် အလုပ်သမား အခွင့်အရေးရုံး တာဝန်ရှိသူအရာရှိ ဖုန်ဆွန်ဖုံ အလုပ်ရှင် ကိုယ်စားလှယ် ထန်နဖွန် ဆိုထနာဒေချာဖွန် (ပိုင်ရှင်ဇနီး) အလုပ်သမား ကိုယ်စားလှယ် (၉) ဦး နှင့် အလုပ်သမားများ၏ရှေ့နေ ဖိနူန် တို့ပါဝင်လက်မှတ်ရေးထိုးကြသည်။
ဆန္ဒပြပွဲပြီးဆုံးသွားသဖြင့်အလုပ်သမားများစက်ရုံသို့ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါသည်။
Read
More...
Summary
only...

မဲဆောက်မြို့ မေဒေးနေ့အခန်းနား အလုပ်သမား ၆၀၀ ကျော်တက်ရောက်
(၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားများနေ့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမား ရုံးတွင် စည်ကားစွာကျင်းပခဲ့သည်။ ရောက်ခြည်ဦး အလုပ်သမားများအဖွဲ့မှ အထွေထွေအတွင်းရေးမှုး ဦးမိုးဆွေမှ မေဒေးနေ့အမှာ စကားပြော ကြားရာတွင် မေဒေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ၊ မတရားမှုနှင့် မမျှတ မှုများကြောင့် ကမ္ဘာ့အနှံအပြားတွင် အလုပ်သမားတိုက်ပွဲများ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး မိမိတို့ အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် ရုန်းထတိုက်ပွဲ ၀င်ကြ ရန်ပြောကြားသွားသည်။
အလုပ်သမားနေ့အခန်းနားတွင် မိုးကြိုးသတင်းစာ အယ်ဒီတာချုပ်မှ မေဒေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းနှင့် အလုပ်သမားများ ယခုလို တစုဝေးတည်း တွေ့ဆုံရတာ အလုပ်သမားထုရဲ့ အင်သစ်အားသစ်တွေ အဖြစ်ခံစားရကြောင်းနှင့် အလုပ်သမားများ စည်လုံးညီညွတ်ရန်အတွက် ပြောကြားသွားပါသည်။ လူ့ဘောင်သစ်ဒုတိယ အတွင်းရေးမှုး ဦးငွေလင်းမှလည်း လူ့အဖွဲ့အစည်းတွင် အလုပ်သမားတို့၏ အခန်းဂဏ္ဍ မည်မျှ အရေးကြီးကြောင်းကို မြန်မာနိုင်ငံ အလုပ်သမား လှုပ်ရှားမှုနှင့် နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှု သမိုင်းကြောင်းများဖြင့် စပ်ဆက်ပြောကြား သွားခဲ့သည်။
ပန်းရုံ(စက်ချုပ်ရုံ)မှ အလုပ်သမားတစ်ဦးမှလည်း လက်ရှိလုပ်ငန်းခွင် စက်ရုံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အခြေနေများကို ပြောကြားခဲ့ပြီး ဟိုင်းရတ်(သိုးမွေး)စက်ရုံမှ အလုပ်သမား တဦးကလည်း လက်ရှိ အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်နေမှု အခြေအနေကို ပြောကြားသွားခဲ့သည်။ ထိုင်းစန်းသိုးမွှေး စက်ရုံမှအလုပ်သမားတစ်ဦးကလည်း ၄င်းတို့အခွင့်အရေးအတွင် ၂ နှစ်ကျော်တိုက်ပွဲဝင်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသော အခက်ခဲ ပြဿာနာများနှင့် နောက်ဆုံးတွင် မည်သို့အောင်ပွဲ ရရှိခဲ့ပုံ တို့ကို ပြောကြားသွားခဲ့ကြသည်။
မေဒေးနေ့အခန်းအနားကို အလုပ်သမား ၆၀၀ ကျော်တက်ရောက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခြေအနေများကို သံချပ်ထိုး သရုပ်ဖော်မှုများ၊ ပဟေဌိအစီစဉ်များ၊ အလုပ်သမားများအား ကံစမ်းမဲဖောက်ပေးခြင်း ပျော်ပွဲရွင်ပွဲများ၊ အကျွေးအမွေးများဖြင့် ဧည့်ခံ ခဲ့ကြသည်။
ယခုနှစ် ၁၁၉ ကြိမ်မြောက်မေဒေးနေ့ အခန်းနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA) အနှင့် အတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၊ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ၊ အဝေးရောက်ဧရာဝတီအသင်း(OIA)၊ MAP Foundation၊ ရခိုင်အလုပ်သမားသမဂ္ဂ (AWU)၊ ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့ (ALC) ၊ ပန်းဂံကော် (PKGWA) စသော အဖွဲ့ ၈ ဖွဲ့ ဖြင့် ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။
Read
More...
Summary
only...