" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Wednesday, February 10, 2010

B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအမှုနိုင်လျှော်ကြေးငွေရရှိ

၁၄ ရက် ၂၀၀၆ခုနှစ်တွင် စတင်တရားဆွဲဆိုခဲ့သော B.B.Top ဘတ်တရာသိုးမွှေးစက်ရုံ အလုပ်သမား ၁၂၃ ဦးအား စက်ရုံသူဌေးမှ လျှော်ကြေးငွေ ၃၆၀၀၀၀ကျော်အား
ယနေ့တွင်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊မက်ပ်ဖောင်ဒေးရှင်းအဖွဲ့တို့ရှေ့မှောက်တွင်ပေးအပ်ခဲ့ကြောင်းသိရပါသည်။
ကျွန်တော်တို့က ငွေကြေးအရ တိုက်ခဲ့တာမဟုတ်ပါဘူး ဂုဏ်သိက္ခာအရတိုက်ခဲ့တာပါ ၃နှစ်နဲ့၃လကြာတိုက်ခဲ့တာပြီးမှ ဒီနေ့လျှော်ကြေးငွေရရှိခဲ့တာပါပဲ တချို့ဆိုရင် ၆၀၀လောက်ပဲရခဲ့ပြီး
၇၀၀၀ကျော်ရသူတွေလဲရှိပါတယ် ဘာပဲဖြစ်ဖြစ်ပါ အခုကျွန်တော်တို့တွေနိုင်ခဲ့ပါပြီ အားလုံးကလဲကျေနပ်ကြမှာပါ မတရားမှုနဲ့တရားမှုကို တိုက်ယူခဲ့ကြတာကြောင့်ငွေကြေးကအဓိကမဟုတ်ပါဘူးလေ
အခုလိုအနိုင်ရလာအောင်လမ်းညွှန်ပေး အကြံပေးပြီးကုညီလုပ်ဆောင်ပေးခဲ့သော ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နဲ့မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ် ဟု အမှုနိုင်အလုပ်သမားတစ်ဦးဖြစ်သူ ကိုသူကြိုးကပြောသည်။
သူတို့ရဲ့မတရားမှုနဲ့တရားမှုအောင်ပွဲ ရှင်းရှင်းပြောရရင်တော့ အလုပ်ရှင်နဲ့အလုပ်သမား တရားသူတွေရဲ့အောင်ပွဲကို ကူညီပေးနိုင်ခဲ့တာကြောင့် ကျေနပ်မိသလို ဆက်လက်ကူညီပေးနေဦးမှာပါဟု ရောင်ခြည်ဦးအဖွဲ့ဥပဒေရေးရာ တာဝန်ခံ ဖြစ် ကိုမြင့်ဦးက ယခုလိုပြောသည်။
စတင်ဖြစ်ပွားတာကတော့ အလုပ်သမား ၂ယောက် ကောင်မလေးတွေကို မန်နေဂျာဖြစ်သူက ရိုက်နှက်ရာကနေ အလုပ်သမားတွေကမကျေနပ်ပဲ ဆန္ဒပြရာ အလုပ်ရှင်မှ ပုလိပ်ခေါ်ဖမ်းခိုင်းပြီးစက်ရုံမန်နေဂျာကို အရေးမယူပေးဘဲ အလုပ်သမားတွေကို ပုလိပ်ခေါ်ဖမ်းခိုင်းတာကြောင့်မကျေနပ်ပဲ အလုပ်သမား၁၂၃ဦးမှ ရောင်ခြည်ဦးအလုပ်သမားရုံး
ကိုအကူအညီတောင်းပြီး မက်ပ်ဖောင်ဒေးရှင်း နှင့် အတူ အလုပ်ရှင်ကို တရားဆွဲဆိုခဲ့တာဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

Read More...

Tuesday, February 9, 2010

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆို


လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။

တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။

Read More...

လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

ဆန္ဒပြနေတဲ့နေရာကတော့ Main Industrial နဲ့ဝန်းကျင်မှာ ဖြစ် yes( အထည်ချုပ်။ သကြားလုံး။ အခြားလူသုံးကုန်များ ) ။ အိုဘယ် ( အထည်ချုပ်။ စက်ကရိယာ ပစ္စည်း။ အခြားလူသုံးကုန် ) ။ သုံးထပ် စတဲ့စက်ရုံကအလုပ်သမားတွေ ဆန္ဒပြနေတာဖြစ် ။ ဆန္ဒပြဦးရေ ၂၀၀၀ ၀န်းကျင်တွင်ရှိသည်။
တောင်းဆိုချက်များ
၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင်သည့်နေရာများသန့်ရှင်းရေး
- ညှိနှိုင်းချက်များအဆင်ပြေနေသည်ဟုသိရ ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ။
လုံခြုံရေးအခြေအနေ
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး
လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ နေ၍ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

Read More...

Wednesday, February 3, 2010

ထိုင်းတွင် မြန်မာ နာရေးကူညီမှု အသင်းများ ဖွဲ့စည်း



(မြန်မာပြည်အနှံ့ နာရေးကူညီမှု အသင်းများ ပေါ်ပေါက် နေချိန်တွင် ထိုင်း နိုင်ငံရောက် မြန်မာပြည်သား များကလည်း အလားတူ အသင်းများ ဖွဲ့စည်းပြီး နာရေးကိစ္စများ ကူညီ ဆောင်ရွက်နေကြသည်။

ကော့သောင်းမြို့၏ တဖက်ကမ်း ရနောင်းမြို့ရှိ မြန်မာအလုပ်သမားများ ဖွဲ့စည်း လုပ်ကိုင်နေသည့် နာရေးကူညီမှု အသင်းများထဲတွင် စွယ်စန်း၊ မိတ္တသဟာရ၊ ဖန်ဖလားဈေးသစ် အသင်းတို့မှာ ထင်ရှားသည်။အသင်း၏ သက်တမ်း ၂ နှစ်အတွင်း နာရေး ၁၂၀ ကျော်ကို ကူညီ ဆောင်ရွက်ခဲ့သည်ဟု မိတ္တသဟာရကို ဦးဆောင်သူ ကိုသားကျော်က ပြောသည်။

“သေဆုံးတဲ့ အချိန်က စပြီး ရက်လည်တဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့ကတော့ နာရေး ကိစ္စ အားလုံးကို ကူပေးပါတယ်။ အသင်းဝင်တဲ့လူ၊ အသင်း မ၀င်တဲ့လူရယ်လို့ မသတ်မှတ်ထားပါဘူး” ဟု သူက ဧရာဝတီကို ရှင်းပြသည်။

မိတ္တသဟာရအသင်း၏ အကူအညီပေးမှုကြောင့် မိသားစုဝင်တဦး၏ နာရေးကိစ္စများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ရနောင်းမြို့တွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ ကိုလေးက ပြောသည်။

“ကျနော့်ညီ တ၀မ်းကွဲ ဆုံးတုန်းက ကျနော်ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ အဲဒီ အချိန်မှာ ကိုသားကျော်တို့က ကျနော့်ညီ နာရေး အတွက် ကူညီခဲ့ပါတယ်။ နာရေး ကူညီတာ အလွန် မွန်မြတ်တဲ့ အလုပ်လို့ ကျနော် အဲဒီ အချိန်ကစပြီး ခံယူလိုက်တယ်” ဟု ညီဖြစ်သူ နာရေး အပြီး မိတ္တသဟာရနှင့် ပူးပေါင်းခဲ့သော ကိုလေးက ပြောသည်။

ရနောင်းရှိ စွယ်စန်း နာရေးကူညီမှုအသင်းသည်လည်း သက်တမ်း ၂ နှစ်ကျော်ပြီ ဖြစ်သည်။ “ဆက်သွယ်လာတဲ့သူ အားလုံးကို ကူညီပါတယ်” ဟု အသင်း၏ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။

“အလောင်း သဂြုင်္ိဟ်ပြီးတဲ့ အထိ တာဝန်ယူပါတယ်။ ဒါပေမယ့် ရက်လည် ဘုန်းကြီးဆွမ်းကပ်တဲ့ အချိန်မှာ အခက်အခဲ ဖြစ်ရင် ကူညီပေးတဲ့ အခါလည်း ရှိပါတယ်” ဟု စွယ်စန်း အတွင်းရေးမှူးက ဆက်ပြောသည်။

နာရေးကူညီမှု အသင်းများ မြန်မာပြည်တွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း စတင် ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုင်းရောက် မြန်မာတို့ကလည်း အလားတူ အသင်းများ ဖွဲ့စည်းပြီး ကူညီ လုပ်ကိုင်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အစောဆုံး ပေါ်ပေါက်ခဲ့သော နာရေးကူညီမှုအသင်းများထဲတွင် ဘန်ကောက်မြို့တော်အနီး မဟာချိုင်ဒေသမှ ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်းလည်း ပါဝင်သည်။

သို့သော် အသင်း တည်ထောင်ပြီး ၄ နှစ်အကြာ၂၀၀၈ ခုနှစ်တွင် ထိုင်းအာဏာပိုင်တို့က ရင်ငြိမ်းပန်း၏ ခေါင်းဆောင် ဦးကျော်လွင်ကို မြန်မာပြည်သို့ ပြန်ပို့ခဲ့ပြီး နောက်ပိုင်းတွင် နာရေးကူညီမှု လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။ ယခုအခါ ရင်ငြိမ်းပန်းတွင် စာကြည့်တိုက်လုပ်ငန်း တခုသာ ကျန်သည်။

အလုပ်သမားတို့က အသင်း ပြန်လည်အသက်ဝင်ရေးအတွက် ဆန္ဒရှိကြသော်လည်း အလုပ်သမားလက်မှတ်၊ ယာယီနိုင်ငံကူး လက်မှတ်များ ပြုလုပ်ရန် စီစဉ် ရုန်းကန်နေသည့် ကာလ ဖြစ်သောကြောင့် လူမှုရေးလုပ်ငန်းများအတွက် အချိန်ပေးနိုင်ခြင်း မရှိကြသေးကြောင်း အသင်းဝင်ဟောင်း တဦးက ပြောသည်။

ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်ရှိ နာရေးကူညီမှုအသင်း၏ အမည်မှာ “စေတနာ” ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က နာရေး ၁၁ ခု ကို ကူညီခဲ့သည်ဟု စေတနာ နာရေးကူညီမှု အသင်းမှ နာယက ဆရာတော်တပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“နာရေး တခု ဆောင်ရွက်ပြီ ဆိုရင် ဆေးရုံကနေ အလောင်းကို ထုတ်တာကအစ မြေချတဲ့ အထိ ဘတ် ၅၀၀၀ လောက် (ဒေါ်လာ ၁၇၀ ၀န်းကျင်) ကုန်ကျတယ်” ဟု ဆရာတော်က မိန့်သည်။

၂၀၀၈ တွင် ဖွဲ့စည်းခဲ့သည့် “စေတနာ” နာရေးကူညီမှု အသင်းသည် မြန်မာ အလုပ်သမား တချို့ထံမှ အလှူငွေ ရရှိကြောင်း၊ အသင်းဝင်များက လစဉ်ကြေး ဘတ် ၁၀၀ (၃ ဒေါ်လာခန့်) ထည့်ဝင်ကြောင်း၊ အဖွဲ့အစည်းများထံမှ ထောက်ပံ့မှု မရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

မြန်မာပြည်သား အများအပြား တည်ရှိရာ မဲဆောက်ဒေသရှိ စက်ရုံ အလုပ်သမားများကလည်း ကိုယ်ထူကိုယ်ထ သာရေးနာရေး အသင်းများ တည်ထောင်ရန် ပြင်ဆင်နေသည်။

မဲဆောက်မြို့ ရန်မကင်း အထည်ချုပ် စက်ရုံရှိ အလုပ်သမား ၂၀၀ ခန့် စုပေါင်းပြီး စက်ရုံအတွင်း သာရေးနာရေး ကူညီမှု အသင်းကို မကြာသေးမီက တည်ထောင်ခဲ့သည်။

“အသင်းဝင် မဟုတ်ဘဲနဲ့ ဘေးပတ်ဝန်းကျင်မှာ နာရေးတွေရှိရင်လည်း တတ်နိုင်သလောက် ကူညီပါတယ်” ဟု အသင်း ဥက္ကဋ္ဌ ဦးငွေသိန်းက ပြောသည်။

နာရေးကူညီမှု အသင်းများ မြန်မာပြည်တွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း စတင် ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုင်းရောက် မြန်မာတို့ကလည်း အလားတူ အသင်းများ ဖွဲ့စည်းပြီး ကူညီ လုပ်ကိုင်လာခြင်းဖြစ်သည်။

မြန်မာပြည်သား အလုပ်သမားများကို ထိုင်းနိုင်ငံအနှံ့တွင် တွေ့နိုင်သည်။ အရေအတွက်၂သန်းမှ ၄သန်း အထိ ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
ချမ်းမြေ့ခင်

ဧရာဝတီမှကူးယူဖော်ပြသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By