ဆန္ဒပြမှုနောက်ဆက်တွဲသတင်း။
ယနေ့နံနက် ၈း၃၀ တွင် Panthong Manufacturing Co,Ltd စက်ရုံမှ အလုပ်သမား(၂၀၀) ခန့် ၄င်းတို့လုပ်အားခ နှစ်လစာ လစာငွေ မရရှိသောကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး ရှေ့တွင် သွားရောက်ဆန္ဒပြရာ နေ့လည် ၂း၃၀ နာရီတွင် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်ရရှိသဖြင့် ဆန္ဒပြပွဲပြီးဆုံးသွားသည်။
မက်ဖေါင်ဒေးရှင်း နှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အကူအညီဖြင့် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးမှတာဝန်ရှိသူများ စက်ရုံ ပိုင်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် (၉) ဦး တို့နံနက် ၁၁း၃၀ တွင်စတင် ဆွေးနွေးညှိနှိုင်းသည်။
စက်ရုံပိုင်ရှင်ကိုယ်စားလှယ်မှ အလုပ်သမားတို့၏လစာကို ၂၀.၄.၂၀၀၉ နေ့တွင် နောက်ဆုံးထား ပေးရန် ယခုအချိန်မှစပြီး အလုပ်သမားများအား တနေ့ထမင်းနှင့်ဟင်း (၃) ကြိမ် ကျွေးမွေးရန် သောက်သုံးရေ အလုံအလောက် ပေးရန်နှင့် စက်ရုံအတွင်း ဆက်လတ် နေထိုင်ခွင့်ပြုရန်တို့ကို ကတိပြုခဲ့သည်။
နေ့လည် ၂း၃၀ နာရီ၌ သဘောတူစာချုပ်တွင် အလုပ်သမား အခွင့်အရေးရုံး တာဝန်ရှိသူအရာရှိ ဖုန်ဆွန်ဖုံ အလုပ်ရှင် ကိုယ်စားလှယ် ထန်နဖွန် ဆိုထနာဒေချာဖွန် (ပိုင်ရှင်ဇနီး) အလုပ်သမား ကိုယ်စားလှယ် (၉) ဦး နှင့် အလုပ်သမားများ၏ရှေ့နေ ဖိနူန် တို့ပါဝင်လက်မှတ်ရေးထိုးကြသည်။
ဆန္ဒပြပွဲပြီးဆုံးသွားသဖြင့်အလုပ်သမားများစက်ရုံသို့ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါသည်။
Read
More...
Summary
only...

မဲဆောက်မြို့ မေဒေးနေ့အခန်းနား အလုပ်သမား ၆၀၀ ကျော်တက်ရောက်
(၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားများနေ့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမား ရုံးတွင် စည်ကားစွာကျင်းပခဲ့သည်။ ရောက်ခြည်ဦး အလုပ်သမားများအဖွဲ့မှ အထွေထွေအတွင်းရေးမှုး ဦးမိုးဆွေမှ မေဒေးနေ့အမှာ စကားပြော ကြားရာတွင် မေဒေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ၊ မတရားမှုနှင့် မမျှတ မှုများကြောင့် ကမ္ဘာ့အနှံအပြားတွင် အလုပ်သမားတိုက်ပွဲများ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး မိမိတို့ အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် ရုန်းထတိုက်ပွဲ ၀င်ကြ ရန်ပြောကြားသွားသည်။
အလုပ်သမားနေ့အခန်းနားတွင် မိုးကြိုးသတင်းစာ အယ်ဒီတာချုပ်မှ မေဒေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းနှင့် အလုပ်သမားများ ယခုလို တစုဝေးတည်း တွေ့ဆုံရတာ အလုပ်သမားထုရဲ့ အင်သစ်အားသစ်တွေ အဖြစ်ခံစားရကြောင်းနှင့် အလုပ်သမားများ စည်လုံးညီညွတ်ရန်အတွက် ပြောကြားသွားပါသည်။ လူ့ဘောင်သစ်ဒုတိယ အတွင်းရေးမှုး ဦးငွေလင်းမှလည်း လူ့အဖွဲ့အစည်းတွင် အလုပ်သမားတို့၏ အခန်းဂဏ္ဍ မည်မျှ အရေးကြီးကြောင်းကို မြန်မာနိုင်ငံ အလုပ်သမား လှုပ်ရှားမှုနှင့် နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှု သမိုင်းကြောင်းများဖြင့် စပ်ဆက်ပြောကြား သွားခဲ့သည်။
ပန်းရုံ(စက်ချုပ်ရုံ)မှ အလုပ်သမားတစ်ဦးမှလည်း လက်ရှိလုပ်ငန်းခွင် စက်ရုံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အခြေနေများကို ပြောကြားခဲ့ပြီး ဟိုင်းရတ်(သိုးမွေး)စက်ရုံမှ အလုပ်သမား တဦးကလည်း လက်ရှိ အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်နေမှု အခြေအနေကို ပြောကြားသွားခဲ့သည်။ ထိုင်းစန်းသိုးမွှေး စက်ရုံမှအလုပ်သမားတစ်ဦးကလည်း ၄င်းတို့အခွင့်အရေးအတွင် ၂ နှစ်ကျော်တိုက်ပွဲဝင်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသော အခက်ခဲ ပြဿာနာများနှင့် နောက်ဆုံးတွင် မည်သို့အောင်ပွဲ ရရှိခဲ့ပုံ တို့ကို ပြောကြားသွားခဲ့ကြသည်။
မေဒေးနေ့အခန်းအနားကို အလုပ်သမား ၆၀၀ ကျော်တက်ရောက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခြေအနေများကို သံချပ်ထိုး သရုပ်ဖော်မှုများ၊ ပဟေဌိအစီစဉ်များ၊ အလုပ်သမားများအား ကံစမ်းမဲဖောက်ပေးခြင်း ပျော်ပွဲရွင်ပွဲများ၊ အကျွေးအမွေးများဖြင့် ဧည့်ခံ ခဲ့ကြသည်။
ယခုနှစ် ၁၁၉ ကြိမ်မြောက်မေဒေးနေ့ အခန်းနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA) အနှင့် အတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၊ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ၊ အဝေးရောက်ဧရာဝတီအသင်း(OIA)၊ MAP Foundation၊ ရခိုင်အလုပ်သမားသမဂ္ဂ (AWU)၊ ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့ (ALC) ၊ ပန်းဂံကော် (PKGWA) စသော အဖွဲ့ ၈ ဖွဲ့ ဖြင့် ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။
Read
More...
Summary
only...
မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ် ရှားဆောင်ရွက်နေကြသည့် ဖမ်းဆီးခံနိုင်ငံ ရေး လှုပ်ရှားသူများအား ရှေ့နေအဖြစ် အခ မဲ့ လိုက်ပါကူညီဆောင်ရွက်ပေးနေသော အကျိုးဆောင်ရှေ့နေ စောကျော်ကျော်မင်း အား စစ်အစိုးရက မတရားဖမ်းဆီးချုပ်နှောင် ရန်ကြိုးစားသောကြောင့် ထိုင်းမြန်မာ နယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲသည့် ကိစ္စ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထိုင်း မြန်မာ နယ်စပ်တနေရာတွင် ပြုလုပ်ခဲ့ပါ သည်။
ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် လှိုင်သာ ယာ တရားရုံးက တရားစီရင်ရေးကို နှောင့် နှေးအောင်ပြုလုပ်သည်ဟူသော စွဲချက်ဖြင့် စောကျော်ကျော်မင်းအား ပြစ်မှုဆိုင်ရာအက် ဥပဒေပုဒ်မ ၂၂၈ ဖြင့် မျက်ကွယ်ထောင်ဒဏ် ၆ လချမှတ်ခဲ့သည်ဟု သတင်းထောက်များ ကို စောကျော်ကျော်မင်းက ပြောကြားပါ သည်။ ထိုစွဲချက်အား တရားရင်ဆိုင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်သို့ တရားရုံးမှ ပြန်လည်ချိန်းဆိုခဲ့ရာတွင် ၄င်းနေ့မရောက်ခင် အောက်တိုဘာလ ၂၉ ရက်တွင် ဖမ်းဆီးချုပ် နှောင်ရန်ကြိုးစားသောကြောင့် ထိုင်းမြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း ၄င်းကပြောပါသည်။ဆက်လက်ပြီး မြန်မာနိုင်ငံတရားစီရင်ရေး မဏ္ဍိုင်သည် တရားမျှတမှုမရှိဘဲ လုံးဝ ပျက် စီးယိုယွင်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့အတွက်ကြောင့် တရားမျှတသော တရားစီရေးအာဏာ မြန်မာနိုင်ငံတွင် ပေါ် ပေါက်လာသည်အထိ ဆက်လက်ကြိုးစား လုပ်ကိုင်သွားမည်ဟု ရှေ့နေ စောကျော် ကျော်မင်းမှပြောကြားခဲ့ပြီး သတင်းစာ ရှင်း လင်းပွဲကို ရုပ်သိမ်းခဲ့ပါသည်။
စောကျော်ကျော်မင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် တဦး ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားနေသူများ၏ အမှု များကို လိုက်ပါဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါသည် (ဗညား)<
Read
More...
Summary
only...