" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Friday, September 18, 2009

မြန်မာနိုင်ငံတွင် ဇြစ်ပွားခဲ့သော လူကုန်ကူးမှုများကို လေ့လာသုံးသပ်ရာတွင် လူမှောင်ခိုမှုမှတစ်ဆင့် လူကုန်ကူးမှုသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်အများအပြားတွေ့ရ


............................................................................
မြန်မာနိုင်ငံတွင် ဇြစ်ပွားခဲ့သော လူကုန်ကူးမှုများကို လေ့လာသုံးသပ်ရာတွင် လူမှောင်ခိုမှုမှတစ်ဆင့် လူကုန်ကုးမှုသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်အများအပြားတွေ့ရှိကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း ၂၀၀၈ ခုနှစ် တိုးတက်မှုအစီရင်ခံစာတွင် ဇော်ပြပါရှိပါသည်။

လူမှောင်ခိုနဲ့လူကုန်ကူးဆိုတာမတူပါဘူး။ ဒါပေမယ့် လူမှောင်ခိုကနေတစ်ဆင့် လူကုန်ကူးမှုအသွင်ကိုပြောင်းလဲသွားတဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်တဲ့နေရာမှာ လူမှောင်ခိုတိုက်ဖျက်ရေးကလည်း အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါ"ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ၊နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုပါသည်။

လူမှောင်ခိုဆိုတာ
လူမှောင်ခိုဆိုသည်မှာ ပြစ်မှုကျူးလွန်သူနယ်စပ်ကိုဖြတ်ကျော်ရမည် ယင်းသို့ဖြတ်ကျော်ရာတွင် တရားမ၀င်နည်းလမ်းများကို အသုံး ပြုရမည်၊ လူမှောင်ခိုအကူးခံရသူနှင့် လူမှောင်ခိုကူးသူ နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ်ရရှိရမည် စသည့်အ ချက်များကျူးလွန်ပါက လူမှောင်ခို မှုမြောက်သည်ဟု သိရသည်။

လူကုန်ကူးမှုဆိုသည်မှာ ခေါင်း ပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လှည့် ဖျားသည့်ကတိတွေပေးပြီးလူစုခြင်း၊ ရောင်းချရန်ရည်ရွယ်ချက်ဖြင့် တစ် နေရာတွင်စုစည်းထားရှိခြင်း၊ ယင်း နောက်ရောင်းချခြင်း၊ ထို့နောက်လိင် ပိုင်းဆိုင်ရာ၊ လုပ်အားဆိုင်ရာခေါင်း ပုံဖြတ်ခြင်းများရှိပါက လူကုန်ကူးမှု မြောက်သည်ဟု သိရသည်။ ''လူကုန်ကူးမှုက ပြည်တွင်း ပြည်ပနှစ်ခုလုံးမှာ ဖြစ်နိုင်တယ်။ ဥပမာ-လစာ ၁၀၀ ရတာကို ၂၀၀ ရမယ်ဆိုပြီး လှည့်ဖျားခေါ်ဆောင် လူစုကာ Sex-Exploitation ၊ Labour Exploitation ၊ Force Marriage ၊ Force Adoption လို့ခေါ်တယ်။ လူ့ အခွင့်အရေးကိုရာနှုန်းပြည့်ချိုးဖောက် တဲ့ပြစ်မှုပါပဲ။လူမသေတောင်ဘ၀ဆုံး တာပဲ''ဟု ¤င်းကထပ်မံရှင်းပြသည်။ လူမှောင်ခိုမှ လူကုန်ကူးမှု သို့ပြောင်းလဲသွားပုံ ''အချို့နယ်စပ်တွေမှာ လူတွေ က နိုင်ငံခြားသွားမယ်ဆို ပတ်စ်ပို့ မလုပ်ကြဘူး။

ပိုက်ဆံလည်း အကုန် မခံကြသလိုလုပ်ရကောင်းမှန်းလည်း မသိကြဘူး။ လူမှောင်ခိုပွဲစားနဲ့ချိတ် ဆက်ပြီးဖြစ်ဖြစ်၊ ကိုယ့်အဆက် အသွယ်နဲ့ပဲဖြစ်ဖြစ် ပြည်ပ တစ်နိုင်ငံ ရောက်သွားမယ်။ အလုပ်ခွင်ရောက် တော့ ရသင့်တဲ့လစာ၊ ခံစားခွင့်မရတဲ့ အခါဘယ်သူ့ကိုသွားတိုင်မလဲ။ ဘာ သာစကားမပေါက်တာရယ် ကိုယ် ကိုယ်တိုင်က Travel Document ၊ ပတ်စ်ပို့ စတာတွေ မရှိတဲ့အတွက် ကိုယ်အားကိုးရမယ့် ရဲ၊ လ၀က စတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကိုကြောက် နေရတာပေါ့။ သွားတိုင်ရင် တရား မ၀င်နေမှုဖြစ်ပြီး အဖမ်းခံရဦးမယ်။လူကုန်ကူးသူတွေက အဲဒါကိုအခွင့် အရေးယူကြတယ်။ ပြည်တွင်းလာပြီး လူစုစရာမလိုဘဲ လွယ်လွယ်ကူကူ လူကုန်ကူးနိုင်ကြတယ်။ အဲဒါမျိုးရှာ နေတဲ့သူတွေအများကြီး၊ သူတို့ကိုတော့ ဘေးအန္တရာယ်ကြုံတွေ့နိုင်တဲ့ အုပ်စု ဆိုပြီး သတ်မှတ်ပါတယ်''ဟု ပြော ကြားခဲ့သည်။

လူကုန်ကူးမှု ပြဿနာသည် ဆင်းရဲမွဲတေမှုပြဿနာ၊ ကမ္ဘာ့နိုင်ငံ များအကြားဖွံ့ဖြိုးတိုးတက်မှုမညီမျခြင်း Sex Industry ၊ Tourism ၊ Internal Conflict ၊ Discrimination ၊ Low Education ၊ Family Problem စသည့် Factor များကြောင့် ဖြစ်ပွား ရကြောင်း သိရသည်။''လူကုန်ကူးမှုမှာ Pull Factor? Push Factor ဆိုပြီးရှိတယ်။ ဥပမာ- လူကုန်ကူးခံရသူရဲ့နိုင်ငံက ဖွံ့ဖြိုးမှု နည်းတာက Push Factor ၊ သူ့အိမ် နီးချင်းနိုင်ငံက စီးပွားရေးပိုတိုးတက် လို့ Victims တွေက သွားချင်တာက Pull Factor ၊ ကျွန်တော်တို့ဆီမှာ တော့ Family Problem တွေကြောင့် ဖြစ်တာလည်းတွေ့ရတယ်'' ဟု လူ ကုန်ကူးမှုဖြစ်ရခြင်းအကြောင်း တ ရားနှင့်ပတ်သက်၍ ရှင်းပြသည်။မြန်မာနိုင်ငံအနေဖြင့် လူကုန် ကူးမှုပြဿနာများကို ၁၉၉၅-၁၉၉၆ ခုနှစ်ခန့်မှစပြီး တားဆီးကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။

''လူလူချင်းကို ကုန်ပစ္စည်းလို သဘောထားပြီး ရောင်းဝယ်နေတာ ဟာ စက်ဆုပ်စရာကောင်းတဲ့ ပြစ်မှု တစ်ခုပါ။ လူသားအချင်းချင်းကို အနိုင်ကျင့်ခေါင်းပုံဖြတ် လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်ပြစ်မှုကျုးလွန် ကြောင်းထင်ရှားရင် ထောင်ဒဏ် တစ်သက် ကျခံရနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော် လူကုန်ကူး မှုသည် နိုင်ငံတိုင်းရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂၀၀၇-၂၀၁၁ ငါးနှစ်စီမံ ကိန်းရေးဆွဲကာ နိုင်ငံတကာနှင့်ပူး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Read More...

Thursday, September 10, 2009

စင်ကာပူတွင် တစ်ဆင့်ခံကန်ထရိုက်တာများ၏ ခေါင်းပုံဖြတ်ခြင်းကြောင့် နိုင်ငံခြားသားအလုပ်သမားများ ဒုက္ခတွေ့နေရ

စင်ကာပူနိုင်ငံသည် ကျွမ်းကျင်ရန်မလိုသော အလုပ်သမားများအား တံခါးဖွင့်လက်ခံခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၃၀ကျော်ကြာခဲ့ပြီဖြစ်သည်။
သို့ရာတွင် ဆယ်စုနှစ်များစွာအတွင်း များသောအားဖြင့် အလုပ်ရှင် များ၏ ကောင်းမွန်သည့် မှတ်တမ်းမှတ်ရာများရှိခဲ့သော်လည်း နိုင်ငံခြားသား အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မတရားပြုသည့် အမှုများရှိနေသည်။
လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်က ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၁၈၀မှာ ဒုက္ခရောက်နေပြီး ပစ်ထားခံရသည်ကို တွေ့ရှိခဲ့ရသည်။ သူတို့၏လုပ်အားခ ကို တစ်ဆင့်ခံကန်ထရိုက်တာက မပေးကြောင်း သိရသည်။
နောင်နောင်

Read More...

စီးပွားရေးကျဆင်းမှုက အာရှဒေသ၏ဆင်းရဲမှုလျော့ပါးရေးအစီအစဉ်ကို ထိခိုက်ဖွယ်ရှိ

အာရှနှင့် ဥရောပနိုင်ငံများက ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် MDG ၏ ၂၀၁၅ခုနှစ်အတွင်း ဆင်းရဲမှုပမာဏလျှော့ချ ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသွား ကြမည်ဖြစ်သည်။ သို့ရာတွင် ရည်မှန်းချက် နှင့်ပတ်သက်၍ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ကြောင့် သေချာရေရာခြင်းမရှိဘဲရှိနေပြီး လူမှု ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အကူအညီ ထောက်ပံ့မည့်ငွေကြေးများ သေးကျုံ့သွား မည်ဟု မျှော်လင့်လျက်ရှိသည်။ မကြာသေး မီက ကျင်းပခဲ့သော အာရှဥရောပနိုင်ငံများ အပါအ၀င် ဗှနြ တွေ့ဆုံဆွေးနွေးပွဲမှ မှတ်ချက်အရ အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံအများစု မှာမူြွီ၏ ရည်မှန်းထားသော ဆင်းရဲ မှုလျော့ပါးရေးလမ်းကြောင်းပေါ်တွင် ရှိနေ သည်ဟုဆိုသော်လည်း စီးပွားရေးကျဆင်းမှု က ထိုကဲ့သို့တိုးတက်မှုကို ထိခိုက်စေဖွယ် ရှိသည်ဟု ဆိုသည်။
ဖွံ့ဖြိုးဆဲအာရှနိုင်ငံများ၏ စီးပွား ရေးက MDG ၏ သုံးစွဲမှုနှင့်ပတ်သက်၍ ထိန်းချုပ်ဖွယ်ရှိနေပြီး MDG နှင့်ဆက်နွှယ် နေသော အလုပ်လက်မဲ့ပြဿနာကိုသာလျှင် ပိုမိုအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အနောက်ဥရောပရှိ ချမ်းသာသောအလှူ ရှင်နိုင်ငံများသည် စီးပွားရေးကျဆင်းမှု၏ ဒဏ်ကို ခံစားနေရရာ အခြားသောနိုင်ငံများ သို့ ထောက်ပံ့ကြေးငွေများ တိုးချဲ့ကူညီခြင်း မပြုမီမှာပင် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးအား ဖြည့်လှုံ့ဆော်ရေး အစီအစဉ်များတွင်သာ ဦးစွာသုံးစွဲရန် လိုအပ်ဖွယ်ရှိနေသည်ဟုဆို သည်။ MDG ၏ ဆောင်ရွက်မှုနှင့်ပတ်သက် ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ငွေ ကြေးထောက်ပံ့ရေးနှင့်ပတ်သက်၍ ဆွေးနွေး ပွဲ နှစ်ရက်တာကာလအတွင်း အဖြေရှာ၍ မရသေးဟု ASEM မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Milo N. Janchuling က ပြောကြားခဲ့သည်။
အာရှဒေသသည် ကမ္ဘာပေါ်တွင် အမြန်ဆုံး စီးပွားရေးဖွံ့ဖြိုးသောဒေသများ ထဲမှ တစ်ခုဖြစ်သော်လည်း ဆင်းရဲမှုပြဿနာ မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ရာ အာရှ ဒေသနှင့်ပတ်သက်သည့် MDG ဆိုင်ရာ ဆောင်ရွက်မှုသည် အရေးပါသည့်ဆောင်ရွက် မှုပင်ဖြစ်သည်ဟုဆိုသည်။
[Ref: Xinhua]/KHမှတဆင့် ဆီလျှော်အောင် ရေးသားထားပါသည်။(နောင်နောင်)

Read More...

အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့ဖြစ်မှု အဆိုးရွားဆုံးအခြေအနေမှ တဖြည်းဖြည်းကျဆင်း

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးက ဧပြီလ တွင် အလုပ်နေရာ ၅၃၉၀၀၀ ဆုံးရှုံးခဲ့ရာ လွန်ခဲ့သည့်လများ ကထက် အလုပ်လက်မဲ့နှုန်းလျော့နည်းသွားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ထိုကဲ့သို့သောအသွင်လက္ခဏာက အမေရိကန် ပြည်ထောင်စု၏ အလုပ်သမားဈေးကွက်မှာ ပြန်လည်တိုး တက်မှုရှိလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ အလုပ် သမားဝန်ကြီးဌာန၏အဆိုအရ အလုပ်လက်မဲ့နှုန်းသည် ၈ ဒသမ ၉ရာခိုင်နှုန်း မြင့်တက်နေခြင်းသည် လွန်ခဲ့သည့်မတ်လ က ၈ဒသမ၅ ရာခိုင်နှုန်းရှိရာမှ ထပ်မံမြင့်တက်လာခြင်းဖြစ် သည်ဟုဆိုသည်။
၂၀၀၇ခုနှစ် ဒီဇင်ဘာလမှစ၍ အမေရိကန်ပြည် ထောင်စုတွင် လူပေါင်း ၅ဒသမ ၇သန်းခန့် အလုပ်လက်မဲ့ဖြစ် ခဲ့ခြင်းဖြစ်ပြီး ပညာရေးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာန နှင့် အစိုးရရုံးဌာနများတွင် အလုပ်သမား ငှားရမ်းအသုံးပြုနေ ခဲ့သော်လည်း ထိုကဲ့သို့ အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ စီးပွားရေးပညာရှင် ခရစ်ရပ်ကီက စီးပွားရေးမှာ အလှည့်အပြောင်းကာလကို ရောက်နေပြီး အလုပ်သမားဈေး ကွက် စတင်တိုးတက်မှုများဖြစ်လာဖွယ်ရှိသည်ဟု ပြောကြား ခဲ့သည်။ အလားတူပင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု အခြေအနေမှ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျော်လွှား နိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။
၂၀၀၈ခုနှစ် နှောင်းပိုင်းကာလတွင် စားသုံးသူ သုံးစွဲမှုထိုးကျသွားခဲ့သော်လည်း ယခုနှစ် ပထမသုံးလပတ် ကာလတွင် ပြန်လည်မြင့်တက်လာခဲ့သည်။ မကြာသေးမီက ရရှိသောအချက်အလက်များအရ အိမ်ရာဈေးကွက်မှာ ယခင် ကထက်ပို၍ အခြေအနေ သာသာယာယာရှိလာခဲ့သည်ဟု ဆိုသည်။ ဗဟိုဘဏ်အကြီးအကဲ ဘင်ဘာနန်ကီက အချက် အချာကျသော ငွေရေးကြေးရေးသာ နှောင့်နှေးမှုမရှိပါက ယခုနှစ်တွင် စီးပွားရေးကျဆင်းမှု အဆုံးသတ်ဖွယ်ရှိသည် ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ထိပ်တန်းရင်းနှီးမြှုပ် နှံမှုမန်နေဂျာ ဂျေမူလာက အလုပ်လက်မဲ့နှုန်းအရေအတွက် ထိတ်လန့်စိုးရွံ့စရာကိန်းဂဏန်းပမာဏဖြစ်ပြီး ထိုထက်ပို၍ အထွတ်အထိပ်သို့ရောက်ရှိလာမည်ဆိုပါက လုံးဝဥဿုံအဆိုး ရွားဆုံးနှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
[Ref:Internet]/KH
မှတဆင့်မြန်မာပြန်ထားခြင်းဖြစ်သည်။(နောင်နောင်)

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By